Ch 996 - 998

110 11 0
                                    

ပြိုင်ဘက်ကင်းဆေး‌နတ်ဘုရား

ဘာသာပြန်သူ-ဖြိုးသူဝင်း

Book(73)

Chapter-13

(အလင်းဖြူ၏မျိုးရိုး လျှို့ဝှက်ဆန်းကြယ်မှု)

ဒေါင်…..

ကောင်းကင်ဘုရင်ခေါင်းလောင်းကို အထွတ်အမြတ် နဂါးတံဆိပ်ဖြင့် တီးခတ်လိုက်သောအခါ ကြောက်စရာ​ကောင်းသော အသံလှိုင်းကြီးတစ်ခု ချက်ချင်းပင် ထွက်ပေါ်လာခဲ့သည်။ အသံလှိုင်းနှစ်ခုက ထိပ်တိုက်တွေ့ဆုံသွားခဲ့၏။

ဝုန်းးး…..

အသံလှိုင်းများ ထိပ်တိုက်တွေ့ဆုံသွားသောနေရာ၌ ဧရာမ ကျောက်တုံးကြီးများက
အပိုင်းအစလေးများအဖြစ် ပျက်စီးကြေမွသွားခဲ့သည်။ သစ်ပင်များကလည်း အမှိုက်သရိုက်များအဖြစ် ပြောင်းလဲသွားခဲ့ပေ၏။

ဖုန်တထောင်းထောင်းထနေခဲ့၍ လေထဲတွင် အမှိုက်သရိုက်များဖြင့် ပြည့်နှက်နေခဲ့သည်။

ဖန်ရင်က အဝေးတွင်ရှိနေဆဲဖြစ်သော်လည်း သူ၏မျက်နှာအမူအရာက ထိတ်လန့်တုန်လှုပ်နေဟန် ပေါ်လာခဲ့ပေ၏။

ယီယွမ်၏ အသံလှိုင်းတိုက်ခိုက်မှုက သူ၏တိုက်ခိုက်မှုနှင့် အင်အားတူညီနေခဲ့သည်။

ထို့ပြင် စောစောလေး၌ အံ့မခန်းမြင့်မားလွန်းသော  စွမ်းအားအတက်အကျကို သူက ထင်ထင်ရှားရှား အာရုံခံမိလိုက်၏။

"သွားစို့….." ယီယွမ်က သူ၏အတွင်းဒဏ်ရာများကို အတင်းထိန်းချုပ်ထားခဲ့ပြီး ဘိုးဘေးဝိညာဥ်နယ်မြေသို့ ရွမ်ရွှမ်းကျိုးနှင့်အတူ ဝင်ရောက်သွားခဲ့သည်။

စောစောလေးမှ တိုက်ခိုက်မှုတွင် ယီယွမ်က နတ်ဘုရားစွမ်းအင် အမျှင်တန်းတစ်ခုကို  ထည့်သွင်းအသုံးပြုခဲ့၏။ ထိုသို့မဟုတ်ခဲ့လျှင် ဖန်ရင်၏ အသံလှိုင်းတိုက်ခိုက်မှုကို ပြန်လည်ခုခံတိုက်ခိုက်ရန် လုံးဝမဖြစ်နိုင်ပေ။

ဖန်ရင်၏ အာရုံခံမှုက အလွန့်အလွန် ထက်မြက်နေခဲ့၍ သူက တစ်စုံတစ်ရာ ထူးဆန်းနေသည်ကို ရိပ်မိသွားခဲ့ပေသေးသည်။

"ဒီကောင်လေးက တကယ်ကို ထူးခြားလွန်းတယ်….." ဖန်ရင်က တည်ငြိမ်လေးနက်နေသော အမူအရာဖြင့် ပြောဆိုလိုက်၏။

ပြိုင်ဘက်ကင်း ဆေးနတ်ဘုရား (ယီယွမ်) Part 4 ,( Ch - 657 - 1094)(ခွင့်ပြုချက်ရပြီး)Where stories live. Discover now