682

141 19 0
                                    

ပြိုင်ဘက်ကင်းဆေးနတ်ဘုရား

ဘာသာပြန်သူ-ဖြိုးသူဝင်း

Book(52)

Chapter-2

(ဟူယန်ကို သတ်ဖြတ်ခြင်း)

"ဟက်ဟက်... ငါ,ဟူယန်က ကောင်းကောင်း မကြီးပြင်းသေးတဲ့ ကောင်လေးတစ်ယောက်ရဲ့ လက်ထဲမှာ ကျရှုံးရတဲ့နေ့တစ်နေ့ ရှိလာခဲ့မယ်လို့ ထင်မထားခဲ့ဘူး....."

ဟူယန်က ယီယွမ်ကိုကြည့်လိုက်ပြီး သူ၏အကြည့်က အမုန်းတရားများနှင့် ပြည့်နှက်နေခဲ့သည်။

ဆယ်နှစ်ကြာ လျှို့ဝှက်ပြင်ဆင်ခဲ့ရသည်က ဤနေ့အတွက်ဖြစ်၏။ ထိုအရာကလည်း အောင်မြင်မည့် လက်တစ်ကမ်းအရောက်၌ ကျရှုံးခဲ့ရမည်ဟူ၍ မည်သူက ထင်ထားခဲ့မည်နည်း။

ဤမျက်နှာပျက်ရမှုကို သူ၏စိတ်ထဲ၌ လက်မခံနိုင်ပေ။

"ငါက ဟူရုံကို မိစ္ဆာနက်ကျားကလန်မှာ သတိပေးခဲ့ပြီးပြီ... မင်းက သတ္တိရှိတယ်ဆိုရင်တောင် ငါ့အစ်ကိုကြီးကို ရန်မစမိစေနဲ့လို့... ဘာလို့လဲဆိုတော့ မင်းတို့က သူ့ကို ရန်စစော်ကားဖို့ အဆင့်မရှိလို့ပဲ....." အလင်းဖြူက အေးစက်စွာဖြင့် ပြောဆိုလိုက်သည်။

"မင်းပါးစပ်ကို ပိတ်ထားစမ်း... ကိုယ့်လူတွေကို သစ္စာဖောက်ပြီးတော့ အပြင်လူကို ကူညီနေတယ်... မင်းက ဒီအဖိုးကြီးကို သင်ပေးနေရအောင် ဘာအစွမ်းရှိလို့လဲ... မင်းက မင်းကိုယ်မင်း ကျားသခင်လို့ခေါ်ဖို့ မတန်ဘူးလို့ မထင်ဘူးလား....."

လက်ရှိအချိန်၌ ဟူယန်က စိတ်ရှုပ်နေပြီဖြစ်၏။ သူက မည်သည့်အတွက် အလင်းဖြူ၏ အဆင့်အတန်းကို ဂရုစိုက်နိုင်ဦးမည်နည်း။

သို့သော် အလင်းဖြူက အေးစက်သောအပြုံးတစ်ခုဖြင့် ပြောဆိုလိုက်သည်။ "ဒီသခင်ငယ်ရဲ့အရှေ့မှာ မောက်မာနေတာလား... ဟားဟား... မင်းရဲ့ ကျင့်ကြံခြင်းအဆင့်က နည်းနည်းလေး ပိုမြင့်နေတဲ့အတွက်ကြောင့်လား... မင်းကိုယ်မင်း အစွမ်းထက်တယ်လို့ တကယ်ထင်နေတာလား... သခင်ငယ်,ငါက မင်းကိုပြောပြလိုက်မယ်... သုံးနှစ်အတွင်းမှာ ငါက မင်းကို လက်တစ်ချက်လှုပ်ရုံနဲ့ သတ်ပစ်နိုင်တယ်... ဒါပေမဲ့ မင်းက အဲဒီနေ့ကို စောင့်ဆိုင်းနိုင်မှာ မဟုတ်ဘူး....."

ပြိုင်ဘက်ကင်း ဆေးနတ်ဘုရား (ယီယွမ်) Part 4 ,( Ch - 657 - 1094)(ခွင့်ပြုချက်ရပြီး)Where stories live. Discover now