Book ( 52 ) Chapter - 1 or Ch 681

156 19 0
                                    

ပြိုင်ဘက်ကင်းဆေးနတ်ဘုရား

ဘာသာပြန်သူ - ဖြိုးသူဝင်း

Book(52)

Chapter-1

(လူတိုင်းကို လှည့်စားခြင်း)

ကျားကလန်က ဆယ်နှစ်ကြာ ပြင်ဆင်တည်ဆောက်ခဲ့သော မဟာဝင်္ကပါက သူ့ကို တားဆီးပိတ်ပင်မည်ဟူ၍ ဟူယန်က မည်သည့်အတွက် မျှော်လင့်ထားခဲ့မည်နည်း။

ပြောရမည်ဆိုလျှင် ဤအရာက လူတစ်ယောက်မှာ ကိုယ့်ထောင်ချောက်၌ ကိုယ်မိသွားခဲ့ခြင်းဖြစ်သည်။

သစ်သားစိတ်ဝိညာဥ်နဂါး ချုပ်နှောင်အစီအရင်က ထောင်ချောက်ဆင် ပိတ်ဆို့သော အစီအရင်တစ်ခုဖြစ်၏။ ထောင်ချောက်ဆင် ပိတ်ဆို့သော အစီအရင်များ၏ တိုက်ခိုက်မှုက ကြီးမားခြင်းမရှိဘဲ အသက်မသေစေနိုင်ပေ။ သို့သော် ထိုအစီအရင်ကို လူထိန်းချုပ်ထားသော အခြေအနေအောက်တွင် အစီအရင်ကို အချိန်အနည်းငယ်အတွင်း ဖျက်ဆီးနိုင်ရန်မှာ အလွန်ခက်ခဲပေသည်။

ယီယွမ်၏အနားတွင် ရှိနေသောလူများက အဆင့်(6) ပုဂ္ဂိုလ်ကြီးများဖြစ်ကြ၏။ သူက ကြိုတင်ကာကွယ်ရန် ဝှက်ဖဲအချို့ကို မည်သည့်အတွက် ပြင်ဆင်မထားဘဲနေမည်နည်း။ သူက သူ၏ကံကြမ္မာကို အခြားသူများလက်သို့ ထည့်ပေးသောအကျင့်မရှိပေ။

သူက မဟာဝင်္ကပါအတွင်းသို့ ဝင်ရောက်လိုက်သည်နှင့် တိတ်တဆိတ်ပင် သစ်သားစိတ်ဝိညာဥ်နဂါး ချုပ်နှောင်အစီအရင်ကို ထိန်းချုပ်လိုက်ပြီဖြစ်သည်။ သို့သော်လည်း သူက ထိုကိစ္စကို တစ်ချိန်လုံး လျှို့ဝှက်ထားခဲ့၏။

သို့ဖြစ်၍ ဟူယန်ပေါ်ထွက်မလာခဲ့လျှင်ပင် ယီယွမ်က ထွက်ပြေးလွတ်မြောက်ရန် ယုံကြည်မှုရှိပေသည်။

မဟာဝင်္ကပါက ဖမ်းရှင်းကိုသတ်ဖြတ်ရန် မလွယ်ကူပေ။ သို့သော် ယီယွမ်၏ ထိန်းချုပ်မှုအောက်၌ ဖမ်းရှင်းက လွတ်မြောက်လိုလျှင်ပင် အလွန်ခက်ခဲ၏။

သို့သော် ဤအချိန်၌ ဟူယန်၏ အာရုံက ယီယွမ်ထံ၌ မရှိခဲ့ဘဲ ယီယွမ်၏နောက်ရှိ မိုးပြာရောင်ဝတ်စုံနှင့် လူငယ်လေးထံသို့ ရောက်နေခဲ့သည်။ သူ၏မျက်နှာအမူအရာက အလွန်ရုပ်ဆိုးနေပေ၏။

ပြိုင်ဘက်ကင်း ဆေးနတ်ဘုရား (ယီယွမ်) Part 4 ,( Ch - 657 - 1094)(ခွင့်ပြုချက်ရပြီး)Where stories live. Discover now