Ch 696

117 13 0
                                    

ပြိုင်ဘက်ကင်းဆေးနတ်ဘုရား

ဘာသာပြန်သူ-ဖြိုးသူဝင်း

Book(53)

Chapter-2

(ယနေ့အရှက်ကွဲမှု)

ယွဲ့မုန့်လီက ယီယွမ်အတွက် တိုက်ခိုက်မှုအစွမ်းအားလုံးနီးပါးကို ကာကွယ်ပေးခဲ့သည့်တိုင် ယီယွမ်က ဒဏ်ရာပြင်းပြင်းထန်ထန် ရရှိသွားခဲ့သည်။

"ကျယ်ပြန့်သောနေမင်း မီးတောက်နှလုံးသားသူငယ်အိမ်… ကောင်းတယ်… ငါဒီကိစ္စကိုမှတ်ထားမယ်….." ယီယွမ်က အံကြိတ်၍ ပြောလိုက်၏။

ကျိုးယန်က ယီယွမ်ကို အံ့ဩဟန်ဖြင့်ကြည့်၍ အေးအေးဆေးဆေး ပြောဆိုခဲ့သည်။ "အဆင့်နိမ့်ငချွတ်ကလေးက ကျယ်ပြန့်သောနေမင်း မီးတောက်နှလုံးသားသူငယ်အိမ်ကိုပါ သိနေတယ်ပေါ့… ကြည့်ရတာ လီအာက မင်းကို တော်တော်လေး ပြောပြထားတာပဲ… ဒါပေမဲ့ မင်းရဲ့ အဲဒီခြိမ်းခြောက်စကားက ငါ့အပေါ်မှာ သက်ရောက်မှုရှိတယ်လို့ မင်းထင်လို့လား……"

ကျိုးယန်က ယီယွမ်ကို ရန်သူသဖွယ် သတ်မှတ်ထားခဲ့၍ သူ၏သတ်ဖြတ်လိုစိတ်ကိုပါ ထုတ်ပြနေခဲ့၏။

"အားးး….."

ယွဲ့မုန့်လီက ရုတ်တရက်ပင် သူမ၏လက်ဖြင့် မျက်နှာကိုအုပ်လိုက်ပြီး သူမ၏မျက်နှာအမူအရာက နာကျင်နေသော အမူအရာတစ်ခု ​ဖြစ်နေခဲ့သည်။

ထိုအခြေအနေကိုမြင်သော် ကျိုးယန်က အကြီးအကျယ် ထိတ်လန့်သွားခဲ့ပြီး ကပျာကယာပင် ပြောဆိုလိုက်၏။ "လီအာ… ဘာဖြစ်သွားတာလဲ….."

"အနားကိုမလာခဲ့နဲ့….." ယွဲ့မုန့်လီက အသာအယာ တားဆီးခဲ့သည်။

သို့သော် ကျိုးယန်က ယွဲ့မုန့်လီ၏ သတိပေးစကားကို လျစ်လျူရှုပြီး သူမထံသို့လာ၍ တွဲထူပေးရန် ပြင်ဆင်လိုက်၏။

ရုတ်တရက်ပင် အေးစက်သော အလင်းရောင်တစ်ခု လင်းလက်သွားခဲ့သည်။ ထက်ရှသော
ဓားမြှောင်တစ်လက်က ယွဲ့မုန့်လီ၏ လည်ပင်းကို ထောက်ထားခဲ့ပြီး ဓားမြှောင်ကို
ကိုင်ထားသောလက်မှာ သူမကိုယ်တိုင်ပင်ဖြစ်သည်။

ထိုအခြေအနေကိုမြင်မှသာ ကျိုးယန်က သူ၏ခြေလှမ်းကို ရပ်တန့်လိုက်၏။ ယွဲ့မုန့်လီ၏
မျက်နှာအမူအရာက နက်မှောင်နေခဲ့ပြီး ပြောဆိုခဲ့သည်။ "ကျိုးယန်… နင်သူ့ကိုထိရဲမယ်ဆိုရင် ငါက နင့်ရှေ့မှာတင် သေပစ်လိုက်မယ်….."

ပြိုင်ဘက်ကင်း ဆေးနတ်ဘုရား (ယီယွမ်) Part 4 ,( Ch - 657 - 1094)(ခွင့်ပြုချက်ရပြီး)Where stories live. Discover now