Ch - 675

128 18 0
                                    

ပြိုင်ဘက်ကင်းဆေးနတ်ဘုရား

ဘာသာပြန်သူ-ဖြိုးသူဝင်း

Book(51)

Chapter-9

(ဘာလို့လဲဆိုတော့ ကျုပ်က ရုပ်ချောလို့လေ)

ယီယွမ်၏ စိတ်နေစိတ်ထားက ဤအတိုင်းပင်ဖြစ်သည်။

အခြားသူများက သူ့ကို အနည်းငယ်လေးစားမှုပေးလျှင် သူက ဆယ်ဆပိုပြန်ပေးမည်ဖြစ်၏။

အကယ်၍ ဟူရုံက သူ့ကို မကြာခဏ ခက်ခဲအောင်ပြုလုပ်ခဲ့ခြင်းမရှိလျှင် သူက ဟူရုံကို ယခုကဲ့သို့ ကိုးရိုးကားရား အခြေအနေကို ရောက်ရှိစေရန် ပြုလုပ်မည်မဟုတ်သည့်အပြင် ဟူယန်ကို ကုသပြီးနောက် အဆင့်(7)သို့ တက်ရောက်နိုင်ရန် တစ်ခုသို့မဟုတ်နှစ်ခု ကူညီပေးမည်ဖြစ်သည်။

သို့သော် ယခု အရာအားလုံးက ဝေးကွာသွားခဲ့ပြီဖြစ်၏။

အမှန်တကယ်တွင် ယီယွမ်က ဟူရုံကို ပြင်ဆင်ခိုင်းခဲ့သော စိတ်ဝိညာဥ်ဆေးပင်များက တော်လှန်ရေးငါးခု ရေခဲနှလုံးသားဆေးလုံးကို ဖော်စပ်ရန်ဖြစ်သည်။

ယီယွမ်က ရေခဲနှလုံးသား ဆိတ်ငြိမ်ကြာပန်းကို ရရှိထားခဲ့သော်လည်း တော်လှန်ရေးငါးခု ရေခဲနှလုံးသားဆေးလုံးအတွက် လိုအပ်သော စိတ်ဝိညာဥ်ဆေးပင်များက အလွန်ရှားပါးပေ၏။ ယီယွမ်က ထိုအရာများကို စုဆောင်းနိုင်ခြင်းမရှိခဲ့သေးပေ။

အခွင့်အရေးရလာသည့်အတွက် ယီယွမ်က လက်လွတ်မခံဘဲ ကျားကလန်ရှိ စိတ်ဝိညာဥ်ဆေးပင်များနှင့် သူ့တွင်ရှိသော စိတ်ဝိညာဥ်ဆေးပင်များကို ပေါင်းစပ်နိုင်တော့မည်ဖြစ်ရာ သူက မည်သည့်အတွက် ထိုသို့မလုပ်ဘဲနေမည်နည်း။

သို့သော် ယီယွမ်က အဇူရာစိတ်ဝိညာဥ်အပင်ကို ဖမ်းဆီးရန် ချက်ချင်းမလုပ်ဆောင်ခဲ့ပေ။ သူက ဟူရုံနောက်တစ်ကြိမ် လာရောက်သည်ကို စောင့်ဆိုင်းပြီး အခြားအရာအများကြီး တောင်းဆိုခဲ့ကာ သူ၏အခန်းတွင်း၌ နှစ်ရက်ကြာအောင် တစ်ဦးတည်းကျင့်ကြံပြီးမှ ထွက်လာခဲ့သည်။

တံခါးပိတ်ကျင့်ကြံရာမှ ထွက်လာပြီးနောက် လူအုပ်စုကြီးတစ်စုက သူ၏အခန်းတံခါး၌ ရှိနေသည်ကို ယီယွမ်က တွေ့လိုက်ရ၏။ သူတို့အားလုံးက အဆင့်(6) ပုဂ္ဂိုလ်ကြီးများဖြစ်သည်။

ပြိုင်ဘက်ကင်း ဆေးနတ်ဘုရား (ယီယွမ်) Part 4 ,( Ch - 657 - 1094)(ခွင့်ပြုချက်ရပြီး)Where stories live. Discover now