Book(80)Ch 1-3(or)Ch 1089 - 1091

148 12 0
                                    

ပြိုင်ဘက်ကင်းဆေးနတ်ဘုရား

ဘာသာပြန်သူ - ဖြိုးသူဝင်း

Book(80)

Chapter-1

(ကံကြမ္မာကို ဖျက်ဆီးခြင်း)

ယီယွမ်က မြို့ပိုင်အရှင်သခင်ဂေဟာမှ ထွက်ခွာသွားပြီးနောက် လူတစ်ယောက်က လူအိုကြီးဟန်၏ဘေး၌ ပေါ်ထွက်လာခဲ့သည်။

"ကြည့်ရတာ သူက ခင်ဗျားကို သံသယဝင်နေပြီပဲ….." ထိုလူက ပြောဆိုလိုက်သည်။

"အဲဒီကောင်လေးက ဉာဏ်ကောင်းလွန်းတယ်… အတိတ်တုန်းက ဒီလိုကိစ္စတွေအပေါ် သူက အာရုံမစိုက်ခဲ့ဘူး… ဒီတစ်ကြိမ် ပြန်ရောက်လာတာနဲ့ ငါလို  အဖိုးကြီးတစ်ယောက်တောင် သူ့ကို ဖြေရှင်းဖို့ ခေါင်းကိုက်နေရပြီ….." လူအိုကြီးဟန်က ပြောဆိုလိုက်၏။

"ဟားဟား… ကျုပ်ရဲ့  ဂိုဏ်းတူညီငယ်လေးက ပြိုင်ဖက်ကင်းတဲ့ အရည်အချင်းကို အစောကြီးကတည်းက ပိုင်ဆိုင်ထားတာပဲလေ… အတိတ်ဘဝမှာ သူကြီးပြင်းလာရတဲ့ ပတ်ဝန်းကျင်က သက်တောင့်သက်သာ ဖြစ်လွန်းတယ်… ဒါကြောင့် သူက အကြံအစည်တွေနဲ့ လှည့်ကွက်တွေအပေါ်မှာ အာရုံစိုက်ဖို့ စိတ်မဝင်စားခဲ့တာပဲ… သူသာ အလေးအနက်ဖြစ်လာပြီဆိုရင် ကျုပ်ကိုယ်တိုင်တောင် သူ့ရဲ့ပြိုင်ဖက်မဟုတ်ဘူး….." 

ထိုလူက ယီယွမ်၏ ဂိုဏ်းတူအစ်ကိုကြီး ကျိစန်းလန် ဖြစ်ပေသည်။

ယီယွမ်က လူအိုကြီးဟန်ကို စမ်းသပ်ရန် ကြံစည်ပြုလုပ်ခဲ့သော်လည်း လူအိုကြီးဟန်က ကျိစန်းလန်နှင့် အမှန်တကယ် ပူးပေါင်းနေခဲ့မည်ဟု လုံးဝမျှော်လင့်မထားခဲ့ပေ။

ကျိစန်းလန်၏ စကားကိုကြားသော် လူအိုကြီးဟန်ကလည်း ခေါင်းညိတ်၍ ပြောဆိုလိုက်၏။ "ဒီကောင်လေးရဲ့ ကြီးပြင်းမှုနှုန်းက ​ကြောက်စရာကောင်းလွန်းတယ်… အရင်တစ်ကြိမ် သူလာခဲ့တဲ့အချိန်မှာ ငါက သူ့ကို ဖမ်းဆီးထားဖို့ ပြင်ဆင်ခဲ့တယ်… ဒါပေမဲ့ ငါက သူ့ကို ထွင်းဖောက်မမြင်နိူင်ခဲ့ဘူး… ဒါကြောင့် သေချာမစဥ်းစားဘဲ ဘာမှမလုပ်ဆောင်ရဲခဲ့ဘူး….."

ကျိစန်းလန်က ပြောဆိုလိုက်၏။ "ခင်ဗျားက သူ့ကို ဆန့်ကျင်ပြီး မလှုပ်ရှားခဲ့တာ ကံကောင်းသွားတယ်… အဲဒီလိုမဟုတ်ရင် ဒီတစ်ကြိမ်မှာ အရှင်မတော်ဝင်မိခင်က လွတ်မြောက်လာဖို့ အခွင့်အရေးရှိမှာ မဟုတ်ဘူး….."

ပြိုင်ဘက်ကင်း ဆေးနတ်ဘုရား (ယီယွမ်) Part 4 ,( Ch - 657 - 1094)(ခွင့်ပြုချက်ရပြီး)Where stories live. Discover now