686

122 14 0
                                    

ပြိုင်ဘက်ကင်းဆေးနတ်ဘုရား

ဘာသာပြန်သူ-ဖြိုးသူဝင်း

Book(52)

Chapter-6

(မိမိ၏ပျက်စီးခြင်းကို ကိုယ်တိုင်ပြုလုပ်ခြင်း)

အဆုံးမဲ့တောအုပ် တစ်နေရာ၌ သိုင်းပညာရှင်တစ်ယောက်က လက်ရှိအချိန်၌ ငြိမ်သက်စွာထိုင်၍ ကျင့်ကြံနေခဲ့သည်။

ရုတ်တရက်ပင် သူ၏နှလုံးသားက လှုပ်ခါသွားခဲ့၏။ သူ၏မျက်လုံးများကို ရုတ်တရက်ဖွင့်လိုက်ပြီး သူ၏မျက်လုံးထဲ၌ စိတ်လှုပ်ရှားသော ခံစားချက်တစ်ခု ပေါ်လွင်နေခဲ့သည်။

သူ၏လက်ထဲမှ အနက်ရောင်အမှတ်ကို ကြည့်၍ ဝမ်းသာအားရ ရယ်မော၍ ပြောဆိုလိုက်၏။ "ဟားဟားဟား... စောင့်ဆိုင်းနေတဲ့သူအတွက် အရာရာတိုင်းက ရောက်ရှိလာတာပဲ... နောက်ဆုံးတော့... ငါက သူထွက်လာတဲ့အချိန်အထိ စောင့်ဆိုင်းနေခဲ့ရတယ်... ဒီကောင်လေးက တကယ်ကို ကံကောင်းလွန်းတာပဲ... တားမြစ်သေမင်းနယ်မြေထဲကို ဝင်ရောက်သွားတာတောင် မသေဆုံးခဲ့ဘူး... ကြည့်ရတာ သတင်းတွေက လွန်ကဲနေတာနဲ့တူတယ်... တားမြစ်သေမင်းနယ်မြေဆိုတာက ပြောသလောက်လည်း မဟုတ်ပါလား....."

ဤသိုင်းပညာရှင်က နှစ်ဝက်ကျော်ကြာသည်အထိ ခါးသီးစွာ စောင့်ဆိုင်းနေခဲ့ရသော တင်းလျန့်ပင်ဖြစ်သည်။

ယီယွမ်က စွမ်းအင်စုပ်ယူခြင်းမြူခိုးထုမှ ပြန်ထွက်လာသည်နှင့် နှစ်ဝက်ကျော် လှုပ်ရှားမှုမရှိခဲ့သော နတ်ဘုရားစိတ်ဝိညာဥ် ကျိန်စာအမှတ်က နောက်ဆုံးတွင် တုံ့ပြန်မှုရှိလာခဲ့ပေ၏။

ယီယွမ်က တားမြစ်သေမင်းနယ်မြေထဲသို့ ဝင်ရောက်သွားသည့်တိုင် တင်းလျန့်က အဆုံးသတ်တွင် အလွန်စိုးရိမ်နေခဲ့သေးသည်။

ယီယွမ်၏ ကြီးပြင်းမှုက အလွန်မြန်ဆန်ပေ၏။ အကယ်၍ ဤငနဲက တားမြစ်သေမင်းနယ်မြေထဲသို့ ဝင်ရောက်သွားသည့်တိုင် မသေဆုံးခဲ့လျှင် ထိုအချိန်၌ သူ့ကိုသတ်ဖြတ်လိုလျှင်ပင် ခက်ခဲသွားပေမည်။

ယီယွမ်က လွန်ခဲ့သောနှစ်ဝက်ကပင် ရှန့်ကွမ်ယွင်ရုံကို သတ်ဖြတ်နိူင်ခဲ့ပြီဖြစ်သည်။ အကယ်၍ အချိန်တစ်ခု ပိုမိုပေးအပ်ခဲ့လျှင် သူက မည်သည့်အခြေအနေအထိ မြင့်တက်လာခဲ့မည်ကို မည်သူမှ သိနိုင်မည်မဟုတ်ပေ။

ပြိုင်ဘက်ကင်း ဆေးနတ်ဘုရား (ယီယွမ်) Part 4 ,( Ch - 657 - 1094)(ခွင့်ပြုချက်ရပြီး)Where stories live. Discover now