Ch 770 - 774

133 14 0
                                    

ပြိုင်ဘက်ကင်းဆေးနတ်ဘုရား

ဘာသာပြန်သူ-ဖြိုးသူဝင်း

Book(58)

Chapter-6

(ကျေးဇူးအကြွေး)

ယီယွမ်က သူ၏လက်ငါးချောင်းကို ဖြန့်၍ ရှုယန်၏ဦးခေါင်းကို ချက်ချင်းဆုပ်ကိုင်လိုက်သည်။

အစွမ်းထက်သော စုပ်ယူအားတစ်ခုက ရှုယန်၏ အသိစိတ်ပင်လယ်အတွင်းသို့ ဝင်ရောက်သွားခဲ့ပြီး မီးခိုးမီးတောက်၏ ရှေးဟောင်းစိတ်ဝိညာဥ်ကို ချက်ချင်းဆွဲထုတ်ခဲ့၏။

အကယ်၍ မီးခိုးမီးတောက်ကသာ သူ၏အကောင်းဆုံးအခြေအနေတွင် ရှိနေမည်ဆိုလျှင် ယီယွမ်က ဤသို့လုပ်ဆောင်နိုင်မည်မဟုတ်ပေ။ သို့သော် သူ၏အဓိကခန္ဓာကိုယ်မှာ ရဲရဲတောက်၏ ဝါးမျိုခြင်းကို ခံထားခဲ့ရပြီဖြစ်သည်။ မီးခိုးမီးတောက်၏ ရှေးဟောင်းစိတ်ဝိညာဥ်က အလွန့်အလွန် အားနည်းနေပြီဖြစ်ပြီး ယီယွမ်၏ သနားညှာတာမှုကို စောင့်ဆိုင်းရန်သာ တတ်နိုင်ပေတော့၏။

ယီယွမ်က ပုလင်းသေးလေးတစ်လုံးကို ထုတ်ယူလိုက်ပြီး မီးခိုးမီးတောက်ကို ပုလင်းထဲ၌ ချက်ချင်းပိတ်ဆို့ထားခဲ့သည်။

ပုလင်းသေးလေးထဲတွင် သဘာဝစွမ်းအင် ပြန်လည်ဖြည့်တင်းရန်အတွက် သဘာဝစွမ်းအင် လုံးဝမရှိပေ။ မီးခိုးမီးတောက်က သူ၏အဓိကခန္ဓာ မူလခွန်အားကို ပြန်လည်ရရှိလာရန် တစ်သက်လုံး ဖြစ်နိုင်တော့မည်မဟုတ်ပေ။

ရှေးဟောင်းစိတ်ဝိညာဥ်ကို မွေးဖွားပေးနိုင်သော သဘာဝမီးလျှံတစ်ခုအတွက် ရှေးဟောင်းစိတ်ဝိညာဥ်က အရေးအကြီးဆုံးဖြစ်၏။

ရှေးဟောင်းစိတ်ဝိညာဥ် သေဆုံးပျက်စီးခြင်း မရှိသေးသရွေ့ သူတို့က ကောင်းကင်နှင့်မြေကြီးမှ မီးအရင်းအမြစ်စွမ်းအားကို အဆက်မပြတ် စုပ်ယူစုစည်းနိုင်ပြီး သူတို့၏ အကောင်းဆုံးအခြေအနေကို ပြန်လည်ရောက်ရှိနိုင်ပေသည်။

"ရဲရဲတောက်... မင်းက ကျင့်ကြံဖို့အတွက် ကျယ်ပြန့်သော ကောင်းကင်ဘုံဘုရားအတွင်းကို အရင်ဆုံးဝင်သွားလိုက်... မင်းရဲ့အဆင့်အတန်းက တော်တော်လေးထင်ရှားတယ်... ကောက်ကျစ်တဲ့လူတွေရဲ့ အာရုံစိုက်တာကို ခံရနိုင်တယ်... ဒါပြီးရင် မင်းကို ကျင့်ကြံခြင်းပညာရပ် အနည်းငယ် လွှဲပြောင်းပေးမယ်... အဲဒါတွေကို မင်းက ကျွမ်းကျင်သွားရင် မင်းရဲ့တိုက်ခိုက်မှုစွမ်းအားက အကြီးအကျယ် မြင့်တက်သွားနိုင်တယ်....." ယီယွမ်က ရဲရဲတောက်ကို ပြောဆိုလိုက်၏။

ပြိုင်ဘက်ကင်း ဆေးနတ်ဘုရား (ယီယွမ်) Part 4 ,( Ch - 657 - 1094)(ခွင့်ပြုချက်ရပြီး)Where stories live. Discover now