Ch 813 - 817

109 9 0
                                    

ပြိုင်ဘက်ကင်းဆေးနတ်ဘုရား

ဘာသာပြန်သူ-ဖြိုးသူဝင်း

Book(61)

Chapter-6

(ရေတွေစီးဆင်းလာတဲ့အခါ မြောင်းတစ်ခု ဖြစ်ပေါ်လာတယ်)

"အားးး… နာလွန်းလို့သေတော့မယ်… နာလွန်းလို့သေတော့မယ်… ငါ့တစ်ကိုယ်လုံးက ပေါက်ကွဲထွက်တော့မလို ခံစားနေရတယ်….."

ယန်ရှောင်က နာနာကျင်ကျင် အော်ဟစ်လိုက်ပြီး အဖော်မဲ့ ရှေးဟောင်းစွမ်းအင်ရေအိုင် အတွင်းမှ ချက်ချင်း ခုန်ထွက်လာခဲ့ကာ ကမ်းပေါ်သို့တက်လာခဲ့ပြီး ဖေးခွန်းနှင့် ပခုံးချင်းယှဥ်၍ ရပ်နေခဲ့ပေသည်။

ဘေးတွင်ရှိသော ဖေးခွန်း၏ မျက်နှာအမူအရာက အလွန်ရုပ်ဆိုးနေခဲ့၏။

ယန်ရှောင်က အဆုံးသတ်တွင် ခြေလှမ်း၁၃၀ လျှောက်လှမ်းနိုင်ခဲ့ပြီး ဖေးခွန်းထက် အများကြီး ပိုမိုအစွမ်းထက်ပေသည်။

သူတို့က တော်ဝင်သားတော်များ ဖြစ်ကြ၍ ရှေ့သို့
ပိုမိုလျှောက်လှမ်းနိုင်သောသူ၏ အလားအလာက ပိုမိုကြီးမားကြောင်း ကောင်းစွာသိရှိကြ၏။

ထိုအရာက ဆိုလိုသည်မှာ ယန်ရှောင်၏ အလားအလာက ဖေးခွန်းနှင့်ယှဥ်လိုက်လျှင် အများကြီး ပိုမိုမြင့်မားကြောင်း ပြသနေခြင်းဖြစ်သည်။

ဒုတိယအလွှာသို့ လျှောက်လှမ်းနိုင်စွမ်းရှိခဲ့ရင် မည်သို့ပင် အသုံးမကျစေကာမူ သူက တာအိုသိမ်မွေ့နက်နဲခြင်းနယ်ပယ်သို့ ရောက်ရှိနိုင်ပေလိမ့်မည်။

"ဟူးးး… ဖေးခွန်း… ငါပြောမယ်… ဒီလိုမျက်နှာအမူအရာမျိုး ထပ်ပြီးဖြစ်မနေတော့နဲ့… ဘယ်လိုပဲဖြစ်ဖြစ် မင်းကလည်း  ဒုတိယအလွှာကို ရောက်ခဲ့တာပဲလေ… ငါက မင်းထက် ခြေလှမ်းနည်းနည်းပဲ ပိုလျှောက်နိုင်ခဲ့တာ မဟုတ်ဘူးလား… ပြောရမယ်ဆိုရင် ဒီတစ်ကြိမ် ငါတို့သုံးယောက် ဝင်လာတဲ့အချိန်မှာ ငါတို့အားလုံး ဒုတိယအလွှာကို ဝင်ရောက်နိုင်မယ်လို့ မျှော်လင့်မထားခဲ့ဘူးလေ… တကယ်ကို ထူးခြားပြောင်မြောက်လှပါတယ်….." ယန်ရှောင်က ပေါ့ပေါ့ပါးပါး အမူအရာတစ်ခု ရှိနေဆဲပင်ဖြစ်၏။

ပြိုင်ဘက်ကင်း ဆေးနတ်ဘုရား (ယီယွမ်) Part 4 ,( Ch - 657 - 1094)(ခွင့်ပြုချက်ရပြီး)Where stories live. Discover now