Book (72)Ch 1- 3 (or)Ch 969 - 971

116 13 0
                                    

ပြိုင်ဘက်ကင်းဆေးနတ်ဘုရား

ဘာသာပြန်သူ - ဖြိုးသူဝင်း

Book(72)

Chapter-1

(နတ်ဘုရားရတနာတစ်ခု၏ စွမ်းအား)


အလင်းအကာအကွယ်ရှေ့တွင် သိုင်းပညာရှင်များက ပိုမိုများပြားစွာ စုဝေးလာခဲ့ကြသည်။

ဤနေရာသို့ ရောက်ရှိလာသူများ၏ ခွန်အားက အလွန်မြင့်မားလှပေ၏။ သူတို့အားလုံးက တာအိုသိမ်မွေ့နက်နဲခြင်းနယ်ပယ် သိုင်းပညာရှင်များ ဖြစ်ကြသည်။

ဤသိုင်းပညာရှင်များတွင် ယွဲ့မိသားစုဝင်များ၊ ကျိုးမိသားစုဝင်များနှင့် ပြင်ပသိုင်းပညာရှင်များ ပါဝင်ကြပေ၏။

သို့သော် အပြင်သိုင်းပညာရှင်အားလုံးက ယွဲ့လင်ယွီကို အလွန်ကြောက်ရွံ့နေကြသည်မှာ ထင်ရှားလှသည်။ သူတို့က ဤနေရာသို့ လာရောက်ခဲ့ကြသော်လည်း သူမနှင့် အဝေးဆုံးနေရာတွင်သာ စုဝေးနေခဲ့ကြ၏။

သို့သော် ယွဲ့လင်ယွီက ထိုကိစ္စအပေါ် အလေးထားသည့် အရိပ်အယောင်မျိုး လုံးဝမရှိခဲ့ပေ။ ထိုသို့မြင်လိုက်ရမှသာ ဤလူများက စိတ်သက်သာရာရဟန်ဖြင့် သက်ပြင်းချလိုက်မိကြသည်။

ယီယွမ်နှင့်ကျန်လူများက ဤနေရာသို့ ရောက်ရှိလာပြီးနောက် အချိန်အနည်းငယ်အကြာတွင် နောက်ထပ်လူတစ်စုက  အလင်းအကာအကွယ်၏ ရှေ့သို့ ထပ်မံရောက်ရှိလာခဲ့၏။

တစ်ချိန်လုံး မျက်စိမှိတ်၍ စိတ်ကိုအနားပေးထားခဲ့သော ယွဲ့လင်ယွီက နောက်ဆုံးတွင် သူမ၏ မျက်လုံးများကို ဖွင့်ကြည့်၍ ထိုလူစုထဲမှ အဖိုးကြီးတစ်ယောက်ကို လှမ်းကြည့်လိုက်သည်။

အဖိုးကြီးက အလွန်ပိန်လှီနေခဲ့သော်လည်း ကျန်းမာရေးကောင်းမွန်နေပြီး သူ၏ခန္ဓာကိုယ်မှ အလွန်အစွမ်းထက်သော အော်ရာအငွေ့အသက်တစ်ခု ထွက်ပေါ်နေခဲ့၏။

အဖိုးကြီး၏နောက်တွင် လူငယ်တစ်ယောက်က ယီယွမ်ကို အလွန်မုန်းတီးနေသော အမူအရာတစ်ခုဖြင့် ကြည့်နေခဲ့သည်။

ဤလူငယ်လေးက ကျိုးယန်ပင် ဖြစ်၏။

"ကျိုးပေါ်ဖျင်… နင်တော်တော်နောက်ကျတယ်….." ယွဲ့လင်ယွီက အဖိုးကြီးကို ပြောဆိုလိုက်သည်။

ပြိုင်ဘက်ကင်း ဆေးနတ်ဘုရား (ယီယွမ်) Part 4 ,( Ch - 657 - 1094)(ခွင့်ပြုချက်ရပြီး)Where stories live. Discover now