Ch 855 - 856

109 14 0
                                    

ပြိုင်ဘက်ကင်းဆေးနတ်ဘုရား

ဘာသာပြန်သူ-ဖြိုးသူဝင်း

Book (64)

Chapter-5

(မောက်မာဝံ့ကြွားသော အပြုအမူ)

"ကျိုးယွီ… မင်းက ဘာရပ်လုပ်နေတာလဲ… ဆက်ပြီးရေတွက်နေ… အသက်ရှူချိန် ဆယ်ကြိမ်ပြီးသွားလို့ ငါက ယီယွမ်ကို မမြင်ရရင် မင်းတို့အားလုံးက ဒီနေရာမှာပဲ သူနဲ့အတူ သေဆုံးသွားရလိမ့်မယ်… မဟုတ်ဘူး… နေဦး… အခုလေးတင် အသက်တစ်ခါရှူချိန် ကုန်ဆုံးသွားခဲ့ပြီဆိုတော့ ရှစ်ကြိမ်ပဲ ကျန်ရစ်တော့တယ်….." လူငယ်လေးက အေးစက်စွာပင် ပြောဆိုလိုက်သည်။

ထိုလူငယ်လေးက ဤနေရာသို့ ဦးတည်ရောက်လာခဲ့သော ကျိုးယန်မှလွဲ၍ အခြားသူမဟုတ်ပေ။

လက်ရှိအချိန်တွင် ကျိုးယန်၏ အမူအရာက မောက်မာဝံ့ကြွားနေခဲ့ပြီး ထူယိုကို စကားပြောရန်ပင် အခွင့်အရေးမပေးခဲ့ပေ။

သူ၏ ရည်ရွယ်ချက်က အလွန်ရိုးရှင်းပြီး ယီယွမ်ကို ဖမ်းဆီးရန်အတွက် ဖြစ်ပေ၏။

ထူယို၏ မျက်နှာအမူအရာက အလွန်ရုပ်ဆိုးနေခဲ့သည်။ သူက တစ်ဖက်လူအတွက် ကိုယ့်ကိုယ်ကိုယ်  အလွန်နှိမ့်ချ၍ ပြုမူခဲ့သော်လည်း တစ်ဖက်လူက သူ့အား မျက်နှာသာမပေးခဲ့ပေ။

သူ၏ပေါ်ထွက်လာမှုက
နှစ်ပေါင်းများစွာကြာအောင်  ဟန်ဆောင်ဖုံးကွယ်လာခဲ့သည့် အခြေအနေတစ်ခုကို ပျက်စီးသွားစေခဲ့ဖြစ်ကြောင်း ထူယိုက သိရှိပေ၏။ သို့သော် လက်ရှိအချိန်က သွေးနီဆည်းဆာတော်ဝင်မြေအတွက် အရေးအကြီးဆုံး အနေအထားသို့ ရောက်ရှိနေပြီဖြစ်ရာ ထူယိုက အခြားကိစ္စများကို ဂရုမစိုက်နိုင်တော့ပေ။

ထူယိုက အံကြိတ်၍ ပြောဆိုလိုက်သည်။ "ဒီကညီလေးကို ဖုံးကွယ်ထားတာ မဟုတ်ပါဘူး… ဒါပေမဲ့ အခုအချိန်မှာ ယီယွမ်က တော်ဝင်မြေမှာ မရှိပါဘူး….."

"ခုနစ်….." ကျိုးယွီက တည်ငြိမ်စွာဖြင့် ဆက်လက်ရေတွက်နေခဲ့၏။

ကျိုးယန်က ထူယိုကို တည်ငြိမ်စွာဖြင့် ကြည့်လိုက်ပြီး အေးစက်သောအပြုံးဖြင့် ပြောဆိုလိုက်သည်။ "တော်ဝင်မြေ ဟုတ်လား… သေခါနီးဆဲဆဲ တာအိုသိမ်မွေ့နက်နဲခြင်းနယ်ပယ် တစ်ယောက်က ဒီနေရာကို တော်ဝင်မြေတစ်ခုလို့ ခေါ်ဆိုရဲတယ်ပေါ့… ဟားဟား… သူက ဒီနေရာမှာ ရှိလားမရှိဘူးလားဆိုတာကို ငါဂရုမစိုက်ဘူး… သူက ဒီနေရာရဲ့ သခင်ငယ်ဆိုတာ ငါသိထားတယ်… မင်းတို့တွေကို လာရှာတာက မှားယွင်းတဲ့ကိစ္စမဟုတ်ဘူး… ပြီးတော့ ညီလေးဆိုတာကို မင်းက ခေါ်ဖို့မထိုက်တန်ဘူး….."

ပြိုင်ဘက်ကင်း ဆေးနတ်ဘုရား (ယီယွမ်) Part 4 ,( Ch - 657 - 1094)(ခွင့်ပြုချက်ရပြီး)Where stories live. Discover now