Ch 960 - 962

134 15 0
                                    

ပြိုင်ဘက်ကင်းဆေးနတ်ဘုရား

ဘာသာပြန်သူ-ဖြိုးသူဝင်း

Book(71)

Chapter-7

(ပျောက်ဆုံးသွားခြင်း)

ကျယ်ပြန့်သော ကောင်းကင်ဘုံဘုရားက ကောင်းကင်နှင့်မြေကြီး၏ စွမ်းအားကို သယ်ဆောင်လာခဲ့ပြီး ဟန်ထုံ့၏နောက်၌ လျှပ်တစ်ပြက်ပေါ်ထွက်လာခဲ့သည်။

ဤအဖြစ်အပျက်က ရုတ်တရက်ကြီး ဖြစ်ပေါ်လာခဲ့ခြင်းဖြစ်၏။ ယီယွမ်ထံ၌ ထိုသို့သောလှည့်ကွက်မျိုး ရှိနေခဲ့မည်ဟု လူတိုင်းက လုံးဝမျှော်လင့်မထားခဲ့ကြပေ။

ဝုန်းးး…..

ကျယ်လောင်သောအသံကြီးတစ်ခု ထွက်ပေါ်လာခဲ့သည်။ ကမ္ဘာကြီးတုန်ခါသွားသည်ဟု လူတိုင်းက ခံစားလိုက်ရ၏။

ကျယ်ပြန့်သော ကောင်းကင်ဘုံဘုရားက လင်းချောင်အပေါ်သို့ ကျဆင်းသွားခဲ့ရာ လင်းချောင်က အသားပုံကြီး ဖြစ်သွားခဲ့သည်။

တစ်ဖက်တွင် ဟန်ထုံ့က စိတ်ဝိညာဥ်ကွဲကြေခြင်းမှန်ကို အသုံးပြု၍ ယီယွမ်၏ တိုက်ခိုက်မှုကို ဖျက်ဆီးခဲ့ရ၏။ သို့သော် လင်းချောင်က သေဆုံးသွားခဲ့ရပေသည်။

"နောက်ထပ် နတ်ဘုရားရတနာပဲ… ဘုရားရေ… လောကကြီး ဘာတွေဖြစ်ပျက်နေတာလဲဟ……"

"အရူးကောင်… အဲဒီစေတီက နတ်ဘုရားရတနာ မဟုတ်ဘူးဟ… နတ်ဘုရားတစ်ပိုင်းအဆင့် ရတနာပဲ… ဒါပေမဲ့ အဲဒါက နတ်ဘုရားတစ်ပိုင်းအဆင့် ရတနာ အဖြစ်ပဲရှိနေသေးတာတောင် နတ်ဘုရားရတနာ အဆင့်ကို ရောက်ရှိလုနီးပါး ဖြစ်နေပြီ……"

"ယီယွမ်ဆိုတဲ့ကောင်လေးက ကောင်းကင်ရဲ့အလိုကို ဆန့်ကျင်နေတဲ့ ကံကောင်းမှုမျိုးနဲ့ ကြုံတွေ့ခဲ့ရပြီးတော့ နတ်ဘုရားတစ်ပိုင်းအဆင့် ရတနာတစ်ခုကို ရရှိခဲ့တယ်… သူက အပေါ်စီးကနေ အယောင်ပြတိုက်ခိုက်ပြီးတော့ လင်းချောင်ကိုသတ်ဖို့ နတ်ဘုရားတစ်ပိုင်းအဆင့် ရတနာကို အသုံးပြုခဲ့တာပဲ….."

ကျယ်ပြန့်သော ကောင်းကင်ဘုံဘုရား ထွက်ပေါ်လာမှုက ပရိသတ်များကို နောက်ထပ်တစ်ကြိမ် ပွက်လောရိုက်သွားစေခဲ့၏။

ပြိုင်ဘက်ကင်း ဆေးနတ်ဘုရား (ယီယွမ်) Part 4 ,( Ch - 657 - 1094)(ခွင့်ပြုချက်ရပြီး)Where stories live. Discover now