Ch 716

109 10 0
                                    

ပြိုင်ဘက်ကင်းဆေးနတ်ဘုရား

ဘာသာပြန်သူ-ဖြိုးသူဝင်း

Book(54)

Chapter-8

(ဓားချီက တိမ်တိုက်များထံသို့ မြင့်တက်သွားခြင်း)

တက်ရောက်ရန်စစ်ဆေးခြင်းက ကျင့်ကြံခြင်းအဆင့်များ ချိုးဖျက်တက်ရောက်ရာ၌ မိုးကောင်းကင်စစ်ဆေးခြင်းနှင့် လုံးဝမတူညီပေ။

စွမ်းအားအရာတွင် စစ်ဆေးခြင်း၏ အစွမ်းက အဆင့်တစ်ဆင့် ပိုမိုမြင့်မားပေသည်။

ချီဟိုင်က ဤအဆင့်ကို မတက်ရောက်ရဲသည်မှာ တက်ရောက်ရန်စစ်ဆေးခြင်းကို ရင်မဆိုင်ရဲသောကြောင့်ပင် ဖြစ်၏။

အချိန်များ တိတိကျကျ မှတ်တမ်းတင်နိုင်ခြင်း မရှိသေးသည့် အချိန်ကာလမှစ၍  တက်ရောက်ရန်စစ်ဆေးခြင်းများကို ကျရှုံးသွားခဲ့ကြသော သိုင်းပညာရှင်များက အရေအတွက် များပြားစွာ ရှိနေခဲ့ပေသည်။ 

အမှန်တကယ်တွင် ယီယွမ်၏ခွန်အားဖြင့် တက်ရောက်ရန်စစ်ဆေးခြင်းကို ကျော်ဖြတ်နိူင်ရန် ခဲယဥ်းခြင်းမရှိပေ။

သို့ရာတွင် အကယ်၍ သူနှင့်အတူ လူသုံးယောက်ကို ခေါ်သွားမည်ဆိုလျှင် ထိုကိစ္စက လုံးဝမတူတော့ပေ။

သူတို့သုံးယောက်က ယီယွမ်၏ တက်ရောက်ရန်စစ်ဆေးခြင်း ကျော်ဖြတ်ရာနေရာသို့ ရောက်ရှိလာသည်နှင့် ဤလူသုံးယောက်က နတ်ဘုရားနယ်မြေသို့ တက်ရောက်ရန် ရည်ရွယ်ချက်ရှိကြောင်း မိုးကောင်းကင်စစ်ဆေးခြင်းက ချက်ချင်း သတိပြုမိသွားပေလိမ့်မည်။

ထိုအချိန်၌ မိုးကောင်းကင်စစ်ဆေးခြင်း၏ အစွမ်းက သာမန်အခြေအနေများထက် အဆပေါင်း တစ်ဒါဇင်ကျော် ပိုမိုအစွမ်းထက်လာပေမည်။

ဤသို့သော မိုးကောင်းကင်စစ်ဆေးခြင်းကို အလင်းဖြူ၏ခွန်အားဖြင့်ပင် တွေးကြည့်လိုက်ရုံဖြင့် ဦးရေပြား စပ်ဖျဥ်းဖျဥ်း ဖြစ်သွားခဲ့၏။

"ဟားဟား… ဒီမိုးကောင်းကင်စစ်ဆေးခြင်းကို ငါက ခုခံမှာပါ… မင်းက မင်းကိုယ်မင်း ဂရုစိုက်ဖို့ပဲလိုအပ်တယ်….." ယီယွမ်က အေးအေးဆေးဆေး ပြောဆိုခဲ့သည်။

ပြိုင်ဘက်ကင်း ဆေးနတ်ဘုရား (ယီယွမ်) Part 4 ,( Ch - 657 - 1094)(ခွင့်ပြုချက်ရပြီး)Where stories live. Discover now