Ch 719

103 11 0
                                    

ပြိုင်ဘက်ကင်းဆေးနတ်ဘုရား

ဘာသာပြန်သူ-ဖြိုးသူဝင်း

Book(54)

Chapter-11

(အကျိုးပြုအမှတ်များ)

အဆင့်နိမ့်နယ်မြေများနှင့် ယှဥ်လိုက်ပါက နတ်ဘုရားနယ်မြေ၏ နယ်မြေက ပိုမိုတည်ငြိမ်ပေသည်။ မိုးကောင်းကင်တာအို ပါဝင်မှုကလည်း ပိုမိုများပြားပြီး ဆင်ခြင်သုံးသပ်ရန် လွယ်ကူပေ၏။

သိုင်းပညာရှင်များက မိုးကောင်းကင်တာအိုနှင့် ဓာတ်အသိများကို ဆင်ခြင်သုံးသပ်ရာ၌ အဆင့်နိမ့်နယ်မြေများတွင် ဆင်ခြင်သုံးသပ်ရသည်ထက် ပိုမိုလွယ်ကူပေသည်။

ထို့ပြင် သဘာဝစွမ်းအင် ကြွယ်ဝမှုက အလွန့်အလွန် မြင့်မားနေခဲ့၏။ ထို့ကြောင့် နတ်ဘုရားနယ်မြေရှိ သိုင်းပညာရှင်များ၏ ခွန်အားက အဆင့်နိမ့်နယ်မြေများမှ သိုင်းပညာရှင်များထက် အဆင့်တစ်ဆင့် ပိုမိုမြင့်မားနေခြင်းဖြစ်သည်။

အထူးသဖြင့် တက်ရောက်လာကာစ လူသစ်များကို နတ်ဘုရားနယ်မြေမှ အဆင့်တူသိုင်းပညာရှင်များက အလွယ်တကူ အနိူင်ယူနိုင်ပေ၏။

သို့သော် ဤသို့ကွာခြားမှုက အချိန်နှင့်အမျှ သေးငယ်လာခဲ့ပေသည်။

အဆင့်နိမ့်နယ်မြေများမှ တက်ရောက်လာသူများက နတ်ဘုရားနယ်မြေ၏ ဒေသခံသိုင်းပညာရှင်များထက် ပိုမိုမြင့်မားသော အလားအလာကို ပိုင်ဆိုင်ကြ၏။

အဆင့်နိမ့်နယ်မြေများ၏ အကန့်အသတ်အခြေအနေအောက်တွင် နတ်ဘုရားနယ်မြေသို့ တက်ရောက်လာနိုင်ခြင်းကြောင့် သူတို့၏ အရည်အချင်းက ကောင်းကင်၏အလိုကို ဆန့်ကျင်နေပြီဖြစ်သည်။

သူတို့က နတ်ဘုရားနယ်မြေသို့ ရောက်ရှိပြီးနောက် အခြေအနေများနှင့် အသားကျသွားချိန်တွင် ကျင့်ကြံခြင်းအဆင့်နှင့် ဓာတ်အသိများကို ကျင့်ကြံရာတွင် အောင်မြင်မှု ကြီးကြီးမားမား ရလာကြပေ၏။

ဤသို့သောအခြေအနေက အနည်းငယ်မျှသာ ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် သူတို့က နတ်ဘုရားနယ်မြေသို့ ရောက်ရှိလာသည်နှင့် ကျင့်ကြံမှုပြုလုပ်ရန် အဆင့်မမီသေး၍ ဖြစ်ပေ၏။

ပြိုင်ဘက်ကင်း ဆေးနတ်ဘုရား (ယီယွမ်) Part 4 ,( Ch - 657 - 1094)(ခွင့်ပြုချက်ရပြီး)Where stories live. Discover now