Book(79)Ch 1-3(or)Ch 1074 - 1076

113 12 0
                                    

ပြိုင်ဘက်ကင်းဆေးနတ်ဘုရား

ဘာသာပြန်သူ - ဖြိုးသူဝင်း

Book(79)

Chapter-1

(နတ်ဘုရားအဆင့် ဝိညာဥ်ဆေးပင် ထွက်ပေါ်လာခြင်း)

"ကျွတ်ကျွတ်… သေခါနီး လူတစ်ယောက်က ဘာလို့မေးခွန်းတွေအများကြီး မေးနေရတာလဲ….."

စကားအဆုံးတွင် အနက်ရောင်ဝတ်စုံနှင့်လူက မူလရှိနေသောနေရာတွင် ရှိနေဆဲဖြစ်သည့်တိုင် လေထုလှုပ်ရှားသံတစ်ခု ရုတ်တရက် ထွက်ပေါ်လာခဲ့သည်။

ဝုန်း…..

ယီယွမ်၏ နောက်တွင်ရှိနေသော မြေပြင်၌ အလွန်ကြီးမားသော အက်ကွဲကြောင်းကြီးတစ်ခု ဖြစ်ပေါ်သွားခဲ့၏။ သို့သော် ယီယွမ်ကမူ ကောင်းကင်နှင့်မြေကြီးနှင့် ပေါင်းစပ်သွားခဲ့၍ သူ၏ခန္ဓာကိုယ်က မြင်ကွင်းထဲမှ ပျောက်ကွယ်သွားခဲ့သည်။

"ဟီးဟီး… ကောင်းကင်နဲ့မြေကြီးနဲ့ ပေါင်းစပ်တာလား… အသေးအဖွဲ လှည့်ကွက်လေးတွေပဲ….." အနက်ရောင်ဝတ်စုံနှင့်လူက အေးစက်စွာ ရယ်မောလိုက်ပြီး သူ၏ခန္ဓာကိုယ်ကလည်း မူလရှိနေသောနေရာမှ ပျောက်ကွယ်သွားခဲ့၏။

ချက်ချင်းပင် ကြောက်စရာကောင်းသော စွမ်းအင်အတက်အကျတစ်ခုက ဟင်းလင်းပြင်ထဲမှ ထွက်ပေါ်လာခဲ့သည်။

ဝုန်း…..

ထိုအနက်ရောင်ဝတ်စုံနှင့်လူ၏ ဖိအားပေးမှုကြောင့် ယီယွမ်က ဟင်းလင်းပြင်ထဲမှ လွင့်ထွက်လာခဲ့သည်။

"အရှင်….." ဤမြင်ကွင်းကိုမြင်သော် အောင်းချမ်တို့သုံးယောက်က အကြီးအကျယ် မျက်နှာပျက်သွားခဲ့ပေသည်။

စွန်းမန်က အေးစက်စွာ ရယ်မော၍ ပြောဆိုလိုက်၏။ "မင်းတို့ကောင်တွေက ကိုယ့်ကိုယ်ကိုယ် အရင်ဆုံး ဂရုစိုက်ကြလေ….."

အခွင့်အရေးကို လက်လွတ်မခံဘဲ စွန်းမန်က သူတို့သုံးယောက်ကို အပြည့်အဝ ဖိနှိပ်လိုက်သည်။ သူ၏ ဒီဗိုင်းဘုရင်နယ်မြေအောက်၌ အောင်းချမ်တို့သုံးယောက်၏ ဒီဗိုင်းဘုရင်နယ်မြေများက အလွန်သေးငယ်သော နယ်မြေတစ်ခုအဖြစ်သာ ရှိနေရပေသည်။

ပြိုင်ဘက်ကင်း ဆေးနတ်ဘုရား (ယီယွမ်) Part 4 ,( Ch - 657 - 1094)(ခွင့်ပြုချက်ရပြီး)Where stories live. Discover now