Ch 1035 - 1037

126 6 0
                                    

ပြိုင်ဘက်ကင်းဆေးနတ်ဘုရား

ဘာသာပြန်သူ-ဖြိုးသူဝင်း

Book 76

Chapter-7

(ဘယ်အဆင့်လဲ)

"ဒါက… ဒါက ဘာဖြစ်သွားတာလဲ… ဖြစ်နိုင်တာက... ဆေးဖော်စပ်မှု ကျရှုံးသွားတာလား….."

ရွမ်ရွှမ်းကျိုးက နဂါးဧကရာဇ်ဆေးအိုး၏ အပြောင်းအလဲကို စိုးရိမ်တကြီး ကြည့်နေခဲ့သည်။ ဤဆေးလုံးကို သူ့အတွက် ဖော်စပ်ပေးနေခြင်းဖြစ်၏။ အကယ်၍ ထိုဆေးဖော်စပ်မှု ကျရှုံးသွားမည်ဆိုလျှင် သူက ငိုကြွေးရပေလိမ့်မည်။

အောင်းချမ်နှင့် ကျန်လူများ၏ မျက်နှာအမူအရာများက အလွန်ရုပ်ဆိုးနေခဲ့သည်။ စောစောလေးတွင် လွယ်ကူချောမွေ့နေသည်မှာ သိသာထင်ရှားသော်လည်း အခြေအနေက မည်သည့်အတွက်ကြောင့် ရုတ်တရက်ကြီး အကြီးအကျယ် ပြောင်းလဲသွားခဲ့သနည်း။

နဂါးဧကရာဇ်ဆေးအိုး၏ တုန်ခါပြောင်းလဲမှုများက ပိုမိုပြင်းထန်လာခဲ့သည်။ ဤသို့သော တုန်ခါမှုက ဆေးအိုးပေါက်ကွဲတော့မည့် အချိန်တွင် ကြိုတင်ပြသလေ့ရှိသော လက္ခဏာနှင့် တစ်ထပ်တည်း တူညီပေ၏။

"မကောင်းတော့ဘူး… ဆေးအိုးက ပေါက်ကွဲတော့မယ်….." အောင်းချမ်က မျက်နှာပျက်သွားခဲ့ပြီး ပြောဆိုလိုက်သည်။

ရှောင်ရူယန်နှင့် ရန်တုံကလည်း ထိုအခြေအနေကိုမြင်သော် အကြီးအကျယ် ထိတ်လန့်သွားခဲ့ကြပြီး အော်ဟစ်လိုက်သည်။ "ဆရာ… မြန်မြန်လက်လျှော့လိုက်ပါ… ဆေးအိုးက ပေါက်ကွဲတော့မယ်….."

အဆင့်မြင့် အဆင့်(9)ဆေးလုံးကို ဖော်စပ်ရာတွင် ဆေးအိုးပေါက်ကွဲသွားသည်နှင့် စွမ်းအားက ခန့်မှန်းကြည့်၍ပင် မရနိုင်တော့ပေ။ ထိုအရာက ဒီဗိုင်းဘုရင်အဆင့် ပုဂ္ဂိုလ်တစ်ယောက်၏ အစွမ်းကုန်တိုက်ခိုက်မှုနှင့် တူညီပေသည်။

ယီယွမ်နှင့် ဆေးအိုး၏ အကွာအဝေးအရ ယီယွမ်က မသေလျှင်ပင် ဒဏ်ရာပြင်းပြင်းထန်ထန် ရရှိသွားပေလိမ့်မည်။

သို့သော် လက်ရှိအချိန်တွင် ယီယွမ်က လူတိုင်း၏ အော်ဟစ်သံများကို ကြားပုံမပေါ်တော့ပေ။ သူ၏လက်များ လှုပ်ရှားမှုကလည်း အနည်းငယ်မျှပင် ရပ်တန့်သွားခြင်းမရှိခဲ့ပေ။ နဂါးဧကရာဇ်ဆေးအိုး၏ တုန်ခါမှုကလည်း ပို၍ပြင်းထန်လာခဲ့သည်။

ပြိုင်ဘက်ကင်း ဆေးနတ်ဘုရား (ယီယွမ်) Part 4 ,( Ch - 657 - 1094)(ခွင့်ပြုချက်ရပြီး)Where stories live. Discover now