Ch 1020 - 1022

104 12 0
                                    

ပြိုင်ဘက်ကင်းဆေးနတ်ဘုရား

ဘာသာပြန်သူ-ဖြိုးသူဝင်း

Book 75

Chapter-7

(အထွတ်အမြတ် နဂါးတံဆိပ်၏ အရှင်သခင်)

စကားအနည်းငယ် ပြောဆိုပြီးနောက် ရုန်ခွန်းက စကားပြောနေရင်း အနည်းငယ် ပြောရခက်ခဲနေသော  အမူအရာတစ်ခု ပေါ်လာခဲ့သည်။

သူက အချို့စကားများကို ပြောဆိုရန် အနည်းငယ်ခက်ခဲနေကြောင်း ယီယွမ်က သိရှိပေသည်။ ထို့ကြောင့် သူက စကားလမ်းကြောင်း ဖွင့်ပေးလိုက်သည်။ "အကြီးအကဲချုပ် ပြောစရာရှိတဲ့စကားကို အားမနာဘဲ တိုက်ရိုက်ပြောလို့ရပါတယ်….."

ရုန်ခွန်းက အနည်းငယ် ရှက်ရွံ့နေဟန်ဖြင့် ပြောဆိုလိုက်သည်။ "ဟားဟား… ညီလေးယီ… ဒီတစ်ကြိမ် ကိစ္စကြီးက တော်တော်လေး ကြီးမားသွားခဲ့လို့ ကိစ္စအများအပြားကို ဖုံးကွယ်ထားလို့ မရတော့ဘူး… မင်းက နဂါးမျိုးနွယ်သွေးမျိုးဆက်ကို ပိုင်ဆိုင်ထားရုံပဲဆိုရင်တောင်  ပြဿနာမရှိသေးဘူး… ဒါပေမဲ့ အထွတ်အမြတ် နဂါးတံဆိပ်ကတော့….."

ထိုစကားကိုကြားသော် ယီယွမ်က ချက်ချင်းပင် နားလည်သွားခဲ့ပြီး မေးမြန်းလိုက်သည်။ "နဂါးကလန်ကနေ တစ်စုံတစ်ယောက် ရောက်လာတာလား….."

ရုန်ခွန်းက ခေါင်းညိတ်၍ ပြောဆိုခဲ့သည်။ "မိုးပြာရောင်နဂါးကလန်ရဲ့ အကြီးအကဲချုပ် လုံကျိုက်ထျန်းကိုယ်တိုင် ကလန်သားတွေနဲ့အတူ  ရောက်လာတယ်… ဒါပေမဲ့ ခေါင်းဆောင်ကြီးရုန်ရှောင်းက ညီလေးယီ နေမကောင်းသေးဘူးဆိုတဲ့   အကြောင်းပြချက် ပေးပြီးတော့ သူတို့ကို အရင်ဆုံး တားဆီးထားခဲ့တယ်… ဒါပေမဲ့ အထွတ်အမြတ် နဂါးတံဆိပ်က နဂါးကလန်အတွက် အရမ်းအရေးပါလို့ ဒီကိစ္စကို လျစ်လျူရှုထားကြမှာ မဟုတ်ဘူး….."

နဂါးကလန်၏ အန္တိမနတ်ဘုရားရတနာ အထွတ်အမြတ် နဂါးတံဆိပ် ပျောက်ဆုံးသွားခဲ့သည်မှာ နှစ်ပေါင်းတစ်သိန်းအထိ ကြာမြင့်နေခဲ့ပြီဖြစ်သည်။ ယခု အထွတ်အမြတ် နဂါးတံဆိပ်က နတ်ဘုရားနယ်မြေတွင် ပြန်လည်ထွက်ပေါ်လာခဲ့ပြီဖြစ်ရာ နဂါးကလန်က အထွတ်အမြတ် နဂါးတံဆိပ်ကို အခြားသူလက်ထဲတွင် ထည့်ပေးထားရန် လုံးဝမဖြစ်နိုင်ပေ။

ပြိုင်ဘက်ကင်း ဆေးနတ်ဘုရား (ယီယွမ်) Part 4 ,( Ch - 657 - 1094)(ခွင့်ပြုချက်ရပြီး)Where stories live. Discover now