Ch 721

102 9 0
                                    

ပြိုင်ဘက်ကင်းဆေးနတ်ဘုရား

ဘာသာပြန်သူ-ဖြိုးသူဝင်း

Book(54)

Chapter-13

(ကူမိသားစုတာဝန်)

"ရိုးရှင်းတယ်ဟုတ်လား... ကောင်လေး…  မင်းက တော်တော်လေး တုံးအတာပဲ…  မင်းရွေးထားတဲ့ တာဝန်တွေကို အရင်တုန်းက အဆင့်မြင့် မှော်ဆေးပညာရှင်ဘိုးဘေး တော်တော်များများက တာဝန်ယူလုပ်ဆောင်ဖူးပေမဲ့ သူတို့အားလုံးက မအောင်မြင်ခဲ့ကြဘူး... မင်းလို အခုမှတက်ရောက်လာတဲ့ ကောင်လေးက ကိုယ့်ကိုယ်ကိုယ် အရည်အချင်းရှိတယ်လို့ တွေးနေတာလား….." အရာရှိလူက မကျေမနပ် ပြောဆိုခဲ့သည်။

ဤကောင်လေး၏ မျက်လုံးများက သူ၏ခေါင်းထက်ပင် ကျော်လွန်နေပေ၏။ အကယ်၍ သူက အရှုံးနှင့်ရင်ဆိုင်ရချိန်မှ နောင်တရမည်ဆိုလျှင် အလွန်နောက်ကျသွားပေမည်။

အကယ်၍ သူကသာ ဆယ်ရက်အတွင်း တာဝန်များကို အောင်မြင်အောင် မလုပ်ဆောင်နိုင်ခဲ့လျှင် ယီယွမ်၏ လက်ရှိ အကျိုးပြုအမှတ် "သုည"ကြောင့် သုတ်သင်ခံရမည်ဖြစ်သည်။

"အင်း... မှော်ဆေးပညာရှင်ဘိုးဘေးတွေ မအောင်မြင်ခဲ့ဘူးလား….."

မှော်ဆေးပညာရှင်ဘိုးဘေးများက ယီယွမ်၏မျက်လုံးထဲ၌ မည်သည့်အဆင့်မှ မရှိပေ။

ယီယွမ်က မည်သည့်စကားမှ မပြောလိုကြောင်း ထင်ရှားနေခဲ့၏။
အရာရှိလူက ဤကောင်လေး၏စိတ်ထဲ၌ ရှင်းလင်းနေကြောင်း မြင်တွေ့နေခဲ့ရသည်။

သူက ရုတ်တရက်ပင် ထိုမကျေမနပ်အမူအရာကို ဖယ်ရှား၍ အပြုံးတစ်ခုဖြင့် ပြောဆိုလိုက်၏။ "ဟားဟား... ဒီအဖိုးကြီးက မင်းကို စိတ်ဝိညာဥ်ဆေးပင်ရဲ့ မျက်နှာကြောင့် သတိပေးရုံပဲ... မင်းက ကိုယ့်ကိုယ်ကိုယ် သေကြောင်းကြံနေတာဆိုမှတော့ မင်းသဘောပဲလေ....."

ယီယွမ်က အပြုံးဖြင့် ပြောလိုက်ပေသည်။ "ကျေးဇူးအများကြီးတင်ပါတယ်... စီနီယာ….."

အရာရှိလူ၏ မျက်နှာအမူအရာက နက်မှောင်သွားခဲ့ပြီး အေးစက်စွာဖြင့် နှာခေါင်းရှုံ့လိုက်၏။

တစ်လျှောက်လုံး စကားမပြောခဲ့သော ယွီမင်က ဤမြင်ကွင်းကို ရှင်းရှင်းလင်းလင်း တွေ့မြင်ခဲ့ရ၍ ထိတ်လန့်တုန်လှုပ်သွားခဲ့သည်။ 

ပြိုင်ဘက်ကင်း ဆေးနတ်ဘုရား (ယီယွမ်) Part 4 ,( Ch - 657 - 1094)(ခွင့်ပြုချက်ရပြီး)Where stories live. Discover now