Ch - 670

132 18 0
                                    

ပြိုင်ဘက်ကင်းဆေးနတ်ဘုရား

ဘာသာပြန်သူ-ဖြိုးသူဝင်း

Book(51)

Chapter-4

(ခေတ်ပျက်တွင် အိမ်တစ်လုံးကို ဖောက်ထွင်းလုယူခြင်း)

ထိုလူပေါ်လာခဲ့သည်နှင့် လေထုက ချက်ချင်းပင် တင်းမာသွားခဲ့သည်။

ကျားကလန်အဖွဲ့သားများက ရန်သူကြီးတစ်ယောက်နှင့် ရင်ဆိုင်နေရသော အမူအရာတစ်ခု ရှိနေခဲ့၏။ သူတို့က ရောက်ရှိလာသူကို အလွန်စိုးရိမ်နေသည်မှာ သိသာနေပေသည်။

ထိုလူက ကျားကလန်အဖွဲ့သားများ၏ အသွင်အပြင်ကိုမြင်သော် သူက ရယ်မောလိုက်၏။ "ဟားဟား… အားလုံးပဲ… ကျုပ်မှာ မကောင်းတဲ့ရည်ရွယ်ချက်တွေ မရှိပါဘူး… ကျုပ်က ဒီနေရာကိုလာတာ ဆရာယီကိုလာရှာတာပါ….."

ဟူရုံ၏ မျက်နှာအမူအရာက နောက်ထပ်တစ်ကြိမ် ပြောင်းလဲသွားခဲ့ပြီး သူ၏အကြည့်က ယီယွမ်ဆီသို့ အလိုအလျောက်ပင် သတိအနေအထားဖြင့် ရောက်ရှိသွားခဲ့သည်​။

ရောက်ရှိလာသူမှာ ဖမ်းရှင်းစေလွှတ်လိုက်သော ဖမ်းဟိုင်မှလွဲ၍ အခြားသူမဟုတ်ပေ။

"ယီယွမ်… မင်းက ငါတို့ကို ရှင်းမပြတော့ဘူးလား… ကျားသခင်… ဒီလူက ကောက်ကျစ်တဲ့ရည်ရွယ်ချက်နဲ့ ငှက်ကလန်ကိုခေါ်လာပြီးတော့ ကျားကလန်ကို တိုက်ခိုက်မဲ့ရည်ရွယ်ချက် ရှိနေပါတယ်….." ဟူရုံက အံကြိတ်၍ ပြောလိုက်၏။

ယီယွမ်က ဘေးမှနေ၍ အံ့ဩနေခဲ့သည်။ အလင်းဖြူက အဆင့်(5) ကျင့်ကြံခြင်းအဆင့်သာ ရှိနေသေးသော်လည်း ဟူရုံက အလွန်ကြောက်ရွံ့နေခဲ့ပေ၏။

ဤသို့သော အနေအထားမျိုးကို ရောက်ရှိနေသည့်တိုင် သူက အလင်းဖြူကို လျစ်လျူရှုမထားရဲခဲ့ပေ။

အလင်းဖြူက အေးစက်စွာဖြင့် နှာခေါင်းရှုံ့၍ ပြောလိုက်သည်။ "ဘာကိုရှင်းပြရမှာလဲ… ငါ့ရဲ့အစ်ကိုကြီးက ဘာပဲပြောပြော အဲဒါအမှန်ပဲ… ငါရှိနေတာကြောင့် ငါ့ရဲ့အစ်ကိုကြီးက ဘာလို့ကျားကလန်ကို မကောင်းကြံမှာလဲ… မင်းပါးစပ်ကိုပိတ်ပြီး သူပြောတာကို နားထောင်လိုက်….."

အလင်းဖြူက ကလေးသံနှင့် ပြောလိုက်သော်လည်း မောက်မာဝံ့ကြွားမှုနှင့် လွှမ်းမိုးမှုများ ပါဝင်နေခဲ့၍ ယီယွမ်က ရယ်မောချင်စိတ်ကို ထိန်းချုပ်ထားခဲ့ရ၏။

ပြိုင်ဘက်ကင်း ဆေးနတ်ဘုရား (ယီယွမ်) Part 4 ,( Ch - 657 - 1094)(ခွင့်ပြုချက်ရပြီး)Where stories live. Discover now