Ch 775 - 778

134 13 0
                                    

ပြိုင်ဘက်ကင်းဆေးနတ်ဘုရား

ဘာသာပြန်သူ-ဖြိုးသူဝင်း

Book(58)

Chapter-11

(ယာယီမြို့ပိုင်အရှင်သခင်)

ဤကျိုးရှင်းက ပါးနပ်ပြီး ဉာဏ်နီဉာဏ်နက်များဖြင့် အပြစ်အားလုံးကို ဟဲရှုမင်အပေါ်သို့ ပုံချလိုက်ပြီး သူ့ကိုယ်သူ အပြစ်မရှိစေရန် ရုန်းထွက်သွားခဲ့သည်။

သို့သော် ယီယွမ်က ဟဲရှုမင်အပြစ်ပေးခံရသော ကိစ္စမှာ အမှန်ပင် ဖြစ်လိမ့်မည်ဟူ၍ ခန့်မှန်းသိရှိနိုင်ခဲ့၏။

သူက ကြယ်ပျံကုန်သွယ်ရေးအဖွဲ့ အထောက်အပံ့ကို ရရှိထားပေသည်။ ဤသို့သောကိစ္စကို သူက အနည်းငယ် စုံစမ်းလိုက်ရုံဖြင့် ထိုကိစ္စက မှန်ကန်သည် သို့မဟုတ် လှည့်စားထားသည်ကို အလွယ်တကူ သိရှိနိုင်၏။

ကြည့်ရသည်မှာ ကောင်းကင်ဘုံကံကြမ္မာ ကုန်သွယ်ရေးအဖွဲ့က သူနှင့် ပြန်လည်သင့်မြတ်ရန် စီစဥ်နေသည်နှင့် တူညီပေသည်။

သို့သော် စီးပွားရေးက စစ်ပွဲတစ်ခုနှင့် တူပေ၏။ တစ်ဖက်အဖွဲ့က သူတို့ကို အလျှော့ပေးလိုက်ပြီး စွန့်စွန့်စားစားဖြင့် အသာစီးရရှိမှုကို ရရှိသွားနိုင်သော အခွင့်အရေးကို ယီယွမ်က တစ်ဖက်အဖွဲ့အား ပေးလိုခြင်းမရှိပေ။ သူတို့အသာစီးရနေသောအခြေအနေတွင် တစ်ဖက်အဖွဲ့အား ဆက်လက်အသာစီးရယူရန် လိုအပ်ပေသည်။

ယီယွမ်က တစ်ဖက်အဖွဲ့အား အခွင့်အရေးပေးလိုလျှင်ပင် ကျောက်ချမ်းက သဘောတူမည်မဟုတ်ပေ။

"ဝေ့လည်ကြောင်ပတ်တွေ လုပ်မနေပါတော့နဲ့... ခင်ဗျား ဒီကိုလာတဲ့ ရည်ရွယ်ချက်ကိုပဲ ပြောပါ....." ယီယွမ်က အေးအေးဆေးဆေး ပြောဆိုလိုက်၏။

ကျိုးရှင်းက ရှက်ရွံ့သွားခြင်းမရှိဘဲ တံဆိပ်ပြားတစ်ခုကို ထုတ်ယူ၍ ယီယွမ်ကို ပေးအပ်ပြီး ပြောခဲ့ပေသည်။ "ဆရာယီ... ဒါက ကျုပ်တို့ ကောင်းကင်ဘုံကံကြမ္မာ ကုန်သွယ်ရေးအဖွဲ့ရဲ့ ရွှေအဆင့်တံဆိပ်ပြားပါ... ဒီတံဆိပ်ပြားကို ပိုင်ဆိုင်ထားတဲ့လူတွေက....."

"ဒီတံဆိပ်ပြားကို ပိုင်ဆိုင်ထားတဲ့လူတွေက ကောင်းကင်ဘုံကံကြမ္မာ ကုန်သွယ်ရေးအဖွဲ့ ဌာနခွဲအားလုံးမှာ ၄၀ ရာခိုင်နှုန်း လျှော့စျေးကို ရရှိနိုင်တယ်... ပြီးတော့ ဒီတံဆိပ်ပြားက ကြယ်ရှစ်ပွင့် အကြီးအကဲတစ်ယောက်နဲ့ တူညီတယ်....." ယီယွမ်က ကျိုးရှင်း၏စကားများကို ချက်ချင်းပင် ကြားဖြတ်၍ ရွှေတံဆိပ်ပြား၏ အသုံးဝင်မှုများကို အသေးစိတ် ပြောဆိုလိုက်၏။

ပြိုင်ဘက်ကင်း ဆေးနတ်ဘုရား (ယီယွမ်) Part 4 ,( Ch - 657 - 1094)(ခွင့်ပြုချက်ရပြီး)Where stories live. Discover now