Ch 1056 - 1058

123 10 0
                                    

ပြိုင်ဘက်ကင်းဆေးနတ်ဘုရား

ဘာသာပြန်သူ-ဖြိုးသူဝင်း

Book 77

Chapter-13

(နောက်ဆုံးအချိန်နဲ့ မဝေးတော့ဘူး)

"လွန်ခဲ့တဲ့နှစ်ပေါင်းနှစ်ဆယ်က ဖြစ်ပေါ်ခဲ့တဲ့ ဧရာမအပြောင်းအလဲကြီး ပြီးသွားကတည်းက ဆေးဘုရင်ခန်းမက လူမြင်ကွင်းမှာ ပေါ်ထွက်လာကြတာ တော်တော်ရှားပါးသွားပြီ… ဒီတစ်ကြိမ် ထာဝရဆေးဥယျာဥ် ဖွင့်လှစ်တဲ့အချိန်မှာ သူတို့က အမှန်တကယ်ရောက်လာမယ်လို့ ငါလုံးဝထင်မထားခဲ့ဘူး….."

"ဒီနေရာမှာ အခုတော့ ပွဲကြီးပွဲကောင်းတစ်ခု ကြည့်ရတော့မယ်… စွန်းမန်က ကျိချင်ယန်ကို မြင်လိုက်ချိန်မှာ ဘယ်လိုအမူအရာမျိုး ရှိနေမလဲဆိုတာ ငါသိချင်မိတယ်….."

"ဒီနှစ်တွေမှာ အပြင်လောက,က ဆေးဘုရင်ခန်းမရဲ့ အခြေအနေကို လုံးဝမသိခဲ့ရဘူး… အခုကြည့်လိုက်တော့ ကျိစန်းလန်က ဆေးဘုရင်ခန်းမရဲ့ အတိတ်ကလူတွေကို စည်းရုံးသိမ်းသွင်းနိုင်ခဲ့ပြီနဲ့ တူတယ်… စွန်းမန်လို ဟင်းလင်းပြင်ဆန်းကြယ်အဆင့် ပုဂ္ဂိုလ်တစ်ယောက်တောင် ကျိစန်းလန်လက်အောက်ကို ခိုလှုံသွားခဲ့ပြီပဲ….."

အတိတ်၌ ဆေးဘုရင်ခန်းမတွင် ထူးချွန်သူများ စုဝေးနေခဲ့ကြသည်။ ကျိကျန်းယန်နှင့်ကျိချင်ယန် သားအဖ၏ စွမ်းအားကိုပင် တိုင်းတာ၍မရနိုင်ပေ။ စွန်းမန်နှင့် ကျိစန်းလန်တို့ကိုပါ ပေါင်းစပ်လိုက်သောအချိန်တွင် ဆေးဘုရင်ခန်းမက အထူးတော်ဝင်မြေတစ်ခု ဖြစ်သွားခဲ့သည်။

သို့သော် ကျိမျိုးရိုးသားအဖ သေဆုံးသွားပြီးနောက် ထိုပုဂ္ဂိုလ်များ မည်သည့်နေရာသို့ ရောက်ရှိသွားသည်မှာ ရှင်းရှင်းလင်းလင်းမသိရသော ကိစ္စတစ်ခုဖြစ်သည်။ အပြင်လူများက လုံးဝမသိခဲ့ကြရပေ။

စွန်းမန်က ယနေ့ ကိုယ်တိုင်ထွက်ပေါ်လာခဲ့မှသာ ဆေးဘုရင်ခန်းမက သူတို့၏အင်အား အစွန်းထွက်မျှကိုသာ ထုတ်ဖော်ပြသလိုက်ခြင်း ဖြစ်ပေသည်။

လက်ရှိအချိန်၌ ဆေးဘုရင်ခန်းမ၏ ခွန်အားက အလွန်အမင်း
ကြောက်စရာကောင်းနေဆဲပင် ဖြစ်သည်။

ပြိုင်ဘက်ကင်း ဆေးနတ်ဘုရား (ယီယွမ်) Part 4 ,( Ch - 657 - 1094)(ခွင့်ပြုချက်ရပြီး)Where stories live. Discover now