Ch 1065 - 1067

121 10 0
                                    

ပြိုင်ဘက်ကင်းဆေးနတ်ဘုရား

ဘာသာပြန်သူ-ဖြိုးသူဝင်း

Book 78

Chapter-7

(ပင်လယ်လေးခု နဂါးမြူးထူးခြင်း)

"ကောင်းပြီလေ… ခင်ဗျားပြန်ရောက်လာပြီဆိုတော့ ဒီနေရာမှာ ကျုပ်အတွက် လုပ်စရာကိစ္စ မရှိတော့ဘူး… ခုနစ်စဥ်ကြယ်သတ္ထုကို ခင်ဗျားက ကိုယ့်ဘာသာကိုယ်ပဲ ဖြေရှင်းလိုက်တော့… ကျုပ်က အဲဒါကို အချိန်ခဏလေးပဲ ထိန်းချုပ်ထားခဲ့တာပါ… အခုထွက်သွားတော့မယ်နော်…  နှုတ်ဆက်ခဲ့ပါတယ်….."

စကားအဆုံးတွင် ယီယွမ်က အောင်းချမ်နှင့် အခြားသူများကို ခေါ်ဆောင်၍ ထွက်ခွာသွားခဲ့သည်။

ခုနစ်စဥ်ကြယ်သတ္ထုက ပစ္စည်းကောင်းတစ်ခု ဖြစ်သော်လည်း ယီယွမ်က ထိုအရာကို မလိုအပ်ပေ။

စောစောလေးတွင် သူက လှုပ်ရှားခဲ့ခြင်းမှာ ကျန့်ဝူရွှမ်း၏ အသက်ကို ကယ်ဆယ်ပေးလိုသော စိတ်ဆန္ဒသက်သက်ကြောင့်ပင်  ဖြစ်သည်။

သို့ရာတွင် ကျန့်ဝူရွှမ်းက မကျေမနပ်ဖြစ်နေဆဲဖြစ်ပြီး အော်ဟစ်ပြောဆိုလိုက်သည်။ "ဦးလေး၁၃… ဒီငနဲက ခုနစ်စဥ်ကြယ်သတ္ထုအတွက် ဒီနေရာကိုရောက်လာတယ်ဆိုတာ အသိသာကြီးပဲ… ဦးလေးပြန်ရောက်လာတာကို မြင်ခဲ့ရလို့ သူက မလှုပ်ရှားရဲတော့တာပါ… ဒီငနဲက ကောက်ကျစ်တဲ့ အကြံအစည်တွေ ရှိနေတယ်… သူတို့ကို လွှတ်မပေးလိုက်ပါနဲ့….."

ဓား၁၃က တည်ငြိမ်လေးနက်စွာ ပြောဆိုလိုက်သည်။ "ရပ်လိုက်စမ်း….."

ယီယွမ်က သူ၏ခြေလှမ်းများကို ရပ်တန့်၍ အသာအယာပြုံးလိုက်ပြီး ပြောဆိုခဲ့သည်။ "ဘာလဲ… ခင်ဗျားက ကျုပ်ကို တားဆီးချင်နေတာလား….."

ဓား၁၃က ပြောလိုက်သည်။ "တကယ်လို့ မင်းက ငါ့ကို စကားနည်းနည်းလေးနဲ့ နှပ်ချသွားမယ်ဆိုရင် ငါက မျက်နှာပျက်ရမှာ မဟုတ်ဘူးလား… မင်းက ဝူရွှမ်းရဲ့ အတွင်းစိတ်နတ်ဆိုးပဲ… ငါက မင်းကို သတ်လိုက်မယ်ဆိုရင် ခုနစ်စဥ်ကြယ်သတ္ထု မရှိဘူးဆိုရင်တောင် သူက ဟင်းလင်းပြင်ဆန်းကြယ်အဆင့်ကို တက်ရောက်နိုင်ဦးမှာပဲ… ဝင်ပေါက်မှာတုန်းက အခြားသူတွေကို စိုးရိမ်နေခဲ့ရလို့ ငါက မလှုပ်ရှားခဲ့တာပဲ….."

ပြိုင်ဘက်ကင်း ဆေးနတ်ဘုရား (ယီယွမ်) Part 4 ,( Ch - 657 - 1094)(ခွင့်ပြုချက်ရပြီး)Where stories live. Discover now