Ch 1080 - 1082

110 10 0
                                    

ပြိုင်ဘက်ကင်းဆေးနတ်ဘုရား

ဘာသာပြန်သူ-ဖြိုးသူဝင်း

Book 79

Chapter-7

(မသေမျိုးခန္ဓာကိုယ်)

သူတို့က အကြည့်ချင်း ဆုံသွားခဲ့ကြပြီး တစ်ဖက်လူ၏ မျက်လုံးများမှ ထိတ်လန့်တုန်လှုပ်နေမှုကို အသီးသီး မြင်လိုက်ရသည်။

ယီယွမ်၏ စကားများမှ သိရှိလာရသည့် အကြောင်းများက အလွန်များပြားလှသည်။

ပထမဆုံး ဖင်းဂေါ့ကျားလန် ဖြစ်၏။

ဖင်းဂေါ့ဟူသော စကားလုံးကို နတ်တန်ခိုးရှင်အဆင့် ပုဂ္ဂိုလ်ကြီးများကသာ ပိုင်ဆိုင်နိုင်သော အရာဖြစ်သည်။

(TN: ဖင်းဂေါ့ဆိုတာ မိစ္ဆာနတ်ဘုရားကို ဆိုလိုတာပါ။ မိစ္ဆာမျိုးနွယ်မှာလည်း နတ်တန်ခိုးရှင်အဆင့်ရှိပါတယ်။ မိစ္ဆာမျိုးနွယ်မှာတော့  နတ်တန်ခိုးရှင်လို့ မခေါ်ဘဲ နတ်ဘုရားလို့ ခေါ်ကြတာပါ။)

ပြောရမည်ဆိုလျှင် သူတို့က ယခင်တစ်ကြိမ် တိုက်ခိုက်ခဲ့ရသည့် အနက်ရောင်ဝတ်စုံနှင့်လူက နတ်တန်ခိုးရှင်အဆင့် ပုဂ္ဂိုလ်ကြီးတစ်ယောက် ဖြစ်နေခဲ့သည်။

ကျားလန်က ယခင်အတိတ်နှင့် အလွန်ကွာခြားသွားပြီ
ဖြစ်သော်လည်း နတ်တန်ခိုးရှင်အဆင့်က နတ်တန်ခိုးရှင်အဆင့်သာ ဖြစ်သည်။ ထိုအဆင့်က သိုင်းပညာရှင်များအားလုံး ရောက်ရှိလိုကြသည့် အဆင့်တစ်ခုပင် ဖြစ်၏။

အမှန်တကယ်တွင် သူတို့ အထိတ်လန့်ရဆုံးကိစ္စက ထိုကိစ္စမဟုတ်သေးပေ။

သူတို့က အထိတ်လန့်ရဆုံးကိစ္စမှာ ဖင်းဂေါ့ကျားလန် အချုပ်အနှောင်မှ လွတ်မြောက်လာချိန်တွင် ယီယွမ်က ထိပ်တိုက်ရင်ဆိုင်ခဲ့ခြင်းကြောင့် ဖြစ်ပေသည်။ ထို့ပြင် သူက ဖင်းဂေါ့ကျားလန်ကို ဒဏ်ရာပြင်းပြင်းထန်ထန် ရရှိသွားစေခဲ့၏။

ယီယွမ်က မကြာသေးမီအချိန်မှသာ တာအိုသိမ်မွေ့နက်နဲခြင်းနယ်ပယ်သို့ တက်ရောက်လာခဲ့ခြင်းဖြစ်သည်။ အတိတ်တွင် ဖင်းဂေါ့ကျားလန်နှင့် တွေ့ဆုံချိန်၌ ယီယွမ်၏  ကျင့်ကြံခြင်းအဆင့်က  မည်သည့်အဆင့်၌ ရှိနေခဲ့မည်နည်း။

ပြိုင်ဘက်ကင်း ဆေးနတ်ဘုရား (ယီယွမ်) Part 4 ,( Ch - 657 - 1094)(ခွင့်ပြုချက်ရပြီး)Where stories live. Discover now