903 - 904

100 16 0
                                    

ပြိုင်ဘက်ကင်းဆေးနတ်ဘုရား

ဘာသာပြန်သူ-ဖြိုးသူဝင်း

Book ( 67 )

Chapter-11

(အရေးကြီးသောနေရာ)

အပြင်လောကတွင် ခန့်မှန်းနေသကဲ့သို့ ဤနှစ်လအချိန်အတွင်း၌ ယီယွမ်၏ခွန်အားက အကြီးအကျယ် မြင့်တက်လာခဲ့ပေသည်။

ပိုင်မင်နှင့် ရင်ဆိုင်တိုက်ခိုက်ပြီးနောက် ယီယွမ်က နောက်ဆုံးတွင် ခန္ဓာကိုယ်သန့်စင်မှုကို အဆင့်(8)သို့ တက်ရောက်စေနိုင်သည့် အခွင့်အရေးကို ရှာဖွေတွေ့ရှိသွားခဲ့၏။

လဝက်ကြာပြီးနောက် ယီယွမ်က ဆေးလုံးများ၏ အစွမ်းကို အကောင်းဆုံးအသုံးပြုပြီး အဆင့်(8)သို့ တစ်ခါတည်း တက်ရောက်သွားခဲ့သည်။

အဆင့်(6)သို့ တက်ရောက်သွားခြင်းက ယီယွမ်အတွက် ပြောင်းလဲမှုကြီးကြီးမားမား ယူဆောင်လာပေးခဲ့၏။

ကမ္ဘာဦးနဂါးအရိုး၏ စွမ်းအင်က ထပ်မံထွက်ပေါ်လာခဲ့ပြီး ယီယွမ်၏ ကျင့်စဥ်အဆင့်ကို အကြီးအကျယ် မြင့်တက်လာစေခဲ့ပြီး အဆင့်(4) ကောင်းကင်ဘုံသိမြင်ခြင်းနယ်ပယ် တံခါးဝအဆင့်ကို တိုက်ရိုက်ဖြတ်ကျော်သွားခဲ့ပြီးနောက် နောက်ဆုံးတွင် အဆင့်(6) ကောင်းကင်ဘုံသိမြင်ခြင်းနယ်ပယ်ကို ရောက်ရှိသွားခဲ့ပေသည်။

ယီယွမ်ကို ပို၍အံ့ဩစေသည်မှာ ဤတစ်ကြိမ် အဆင့်တက်သွားပြီးနောက်  သူ၏နဂါးလှိုင်းသံက အလယ်အဆင့် စိတ်ဝိညာဥ်အဆင့်ကို တက်ရောက်သွားခြင်းပင် ဖြစ်၏။

နဂါးလှိုင်းသံတွင် ယီယွမ်၏အရည်အချင်းကို လုံထန့်ကိုယ်တိုင်ပင် လေးစားမိပေသည်။ သို့သော် စိတ်ဝိညာဥ်အဆင့်ကို တက်ရောက်သွားပြီးနောက် တိုးတက်မှုနှုန်းက အလွန်နှေးကွေးနေခဲ့ပေ၏။

ရစ်ခွေနဂါး ကောင်းကင်ဘုံဖျက်ဆီးခြင်း လက်ဝါး၏ စွမ်းအားကို သူ၏ခန္ဓာကိုယ် တိုးတက်မှုအား မှီခို၍ ယီယွမ်က မြှင့်တင်ပေးလေ့ရှိသည်။

လက်ရှိအချိန်တွင် ယီယွမ်၏ နဂါးလှိုင်းသံက နောက်ဆုံးတွင် တံခါးဝအဆင့်ကို ချိုးဖျက်သွားနိုင်ခဲ့ပြီဖြစ်၏။

ပြိုင်ဘက်ကင်း ဆေးနတ်ဘုရား (ယီယွမ်) Part 4 ,( Ch - 657 - 1094)(ခွင့်ပြုချက်ရပြီး)Όπου ζουν οι ιστορίες. Ανακάλυψε τώρα