691

111 14 0
                                    

ပြိုင်ဘက်ကင်းဆေးနတ်ဘုရား

ဘာသာပြန်သူ-ဖြိုးသူဝင်း

Book(52)

Chapter-11

(ယီမိသားစုစစ်တပ်)

ဤလူသန်ကြီးက နှစ်ဝက်ကြာမတွေ့ခဲ့ရသော ချူးရှစ်ပင်ဖြစ်သည်။

ဤနေရာသို့ သူခေါ်လာခဲ့သော သိုင်းပညာရှင်ပေါင်း သောင်းဂဏန်းအနည်းငယ်က အတိတ်တွင် သွေးနီအလင်းတန်းမြို့မှ ယီယွမ်ကယ်ဆယ်ခဲ့သော သိုင်းပညာရှင်များဖြစ်ကြ၏။

သို့ရာတွင် အရေအတွက်က အများကြီး လျော့ကျသွားခဲ့ပေသည်။

"ဒီအရှင်က ကိုယ့်ကိုယ်ကိုယ် အထင်ကြီးတယ်... အဲဒီတော့... ဘာဖြစ်လဲ....."

ချူးရှစ်က ထိုစကားကိုပြောရင်း သူ၏ခေါင်းကို လှည့်ကြည့်လိုက်၏။ သို့သော် သူ၏ခေါင်းကို လှည့်ကြည့်လိုက်ပြီးနောက် "ဘာဖြစ်လဲ"ဟူသော စကားက တုန်ယင်သွားခဲ့ပေသည်။

စောစောလေး၌ သူက အစွမ်းထက်ပြီး ခန့်ညားသော ကျားတစ်ကောင်ဖြစ်၏။ ချက်ချင်းပင် အားနည်းသော ကြောင်လေးတစ်ကောင် ဖြစ်သွားခဲ့ပြီး အလွန်တုန်ယင်နေခဲ့သည်။

"အရှင်... အရှင်ယီယွမ်... ဟား... ဟားဟား... ဘာလို့ အရှင်ယီယွမ် ဖြစ်နေတာလဲ... အရှင်... အရှင်က ဘာလို့ ဒီနေရာမှာပေါ်လာရတာလဲ....." ချူးရှစ်က အထစ်ထစ်အငေါ့ငေါ့ ဖြစ်နေခဲ့ပေ၏။

ယီယွမ်က ပြုံး၍ပြောလိုက်သည်။ "မင်းက ငါ့ကိုတွေ့ချင်နေတာ မဟုတ်ဘူးလား... အခု ငါရောက်လာတာတောင် မင်းက ငါ့ကို ဘာလို့ဒီနေရာမှာ ပေါ်လာတာလဲလို့ မေးနေတာလား....."

ချူးရှစ်က ချွေးများစီးကျလာခဲ့ပြီး သူ၏မျက်လုံးက အားနည်းစွာဖြင့် ကြည့်နေခဲ့၏။ သူက ထိုကိစ္စကို ​ဖြေရှင်းရန် အကြောင်းပြချက်တစ်ခု ရှာဖွေနေသည်မှာ သိသာလှပေသည်။

ဘုန်းးး.....

ချူးရှစ်က လူတစ်ယောက်ကြောင့် ချက်ချင်းလွင့်စင်သွားခဲ့၏။ ကျူးချန်ကျစ်မှလွဲ၍ အခြားသူမဟုတ်ပေ။

ကျူးချန်ကျစ်က ယီယွမ်ကို လေးလေးစားစား အရိုအသေပေး၍ ပြောဆိုလိုက်သည်။ "ကျွန်တော်က ဒီကောင့်ကို မမောက်မာဖို့ အစောကြီးကတည်းက သတိပေးခဲ့ပါတယ်... ဒါပေမဲ့ သူကနားမထောင်ဘူး... လောလောဆယ်မှာ ဂုဏ်သတင်းကြီးမားလာခဲ့တဲ့ ငြိမ်သက်တိမ်တိုက်အဖွဲ့က အရှင်ယီယွမ် ဦးဆောင်နေမယ်လို့ ကျွန်တော်တို့ ဘယ်တုန်းကမှ မျှော်လင့်မထားခဲ့မိပါဘူး....."

ပြိုင်ဘက်ကင်း ဆေးနတ်ဘုရား (ယီယွမ်) Part 4 ,( Ch - 657 - 1094)(ခွင့်ပြုချက်ရပြီး)Where stories live. Discover now