Ch 728

111 11 0
                                    

ပြိုင်ဘက်ကင်းဆေနတ်ဘုရား

ဘာသာပြန်သူ-ဖြိုးသူဝင်း

Book(55)

Chapter-6

(ကံကြမ္မာပြောင်းလဲသွားခြင်း)

"ဟဲဟဲ... ညီလေးယွီ... ဆရာယီက အိမ်မှာရှိလားဆိုတာ ငါသိလို့ရမလား....." ကူဟုန်က အရှက်မဲ့စွာဖြင့် မေးမြန်းလိုက်သည်။

ကူဟုန်က အစေခံတစ်ယောက် ဖြစ်၏။ ဤသို့သော အရှက်မဲ့မှုမျိုးကို ယွီမင်ကဲ့သို့ အဆင့်နိမ့် သိုင်းပညာရှင်တစ်ယောက်ထက် ပို၍အဆင့်မြင့်စွာ ပြုလုပ်နိုင်ပေသည်။

ယခင်က ကူချန်စွန်း၏ အပြစ်တင်မှုကို ခံရမည်အား စိုးရိမ်ခဲ့၍ ယွီမင်ကို မျက်နှာသာမပေးခဲ့ဘဲ ယီယွမ်ကို တစ်ခါတည်း နှင်ထုတ်ခဲ့ခြင်းဖြစ်၏။

ယခု သူက ရွေးချယ်စရာမရှိတော့ဘဲ  လာရောက်တောင်းပန်ရပြီဖြစ်သည်။ သူက ပို၍အရှက်မဲ့စွာဖြင့် ယွီမင်ကို ရင်းရင်းနှီးနှီး ပြန်လည်ဆက်ဆံနေခဲ့၏။

ယွီမင်က ထိုအခြေအနေကိုမြင်သော် လှောင်ပြုံးပြုံး၍ ပြောလိုက်သည်။ "ဒါက အရှင်ကူမဟုတ်လား…  ကျုပ်လိုနိမ့်ကျတဲ့လူတစ်ယောက်ကို ညီအစ်ကိုလိုမျိုး ဆက်ဆံပြီးတော့ ကိုယ့်အဆင့်ကို မနှိမ့်ပစ်ပါနဲ့….."

ယွီမင်က ကူဟုန်ကို စိတ်ထဲ၌ မကျေမနပ်ဖြစ်နေခဲ့၏။ သူ၏ဂုဏ်သိက္ခာကို ပြန်လည်ဆယ်ယူနိူင်ခြင်း မရှိသေးသရွေ့ သူ၏စိတ်ထဲ၌ ထိုကိစ္စကို စွန့်လွှတ်နိူင်မည်မဟုတ်ပေ။

သို့သော် ကူဟုန်က ယွီမင်၏စကားများမှ လှောင်ပြောင်မှုကို ဂရုမစိုက်ဘဲ အရှက်မဲ့စွာပင် ဆက်လက်ပြောဆိုခဲ့သည်။ "မင်းပြောနေတဲ့စကားကို ကြည့်လိုက်ဦး…  ငါ,ကူဟုန်က ကူမိသားစုရဲ့ အစေခံတစ်ယောက်ပါ... ရှေးဟောင်းကြွယ်ဝခြင်းမြို့မှာ ဘာမှအဆင့်မရှိတဲ့သူ တစ်ယောက်ပါ…  ညီလေးယွီက ဒီအစ်ကိုကြီးအတွက် ဘာလို့ခက်ခဲအောင် လုပ်နေတာလဲ... ဟိုနေ့က အဖြစ်အပျက်အတွက် ညီလေးယွီက မကျေနပ်ဘူးဆိုတာ ငါသိပါတယ်... ဒါပေမဲ့ အစ်ကိုကြီးမှာ အခက်အခဲတွေရှိနေတယ်လေ... ဒီနေ့ အစ်ကိုကြီးက ဆရာယီကို လာရောက်တောင်းပန်တာပါ... နောက်တစ်ခုက ညီလေးယွီကိုလည်း လာပြီးတောင်းပန်တာပါကွာ....."

ပြိုင်ဘက်ကင်း ဆေးနတ်ဘုရား (ယီယွမ်) Part 4 ,( Ch - 657 - 1094)(ခွင့်ပြုချက်ရပြီး)जहाँ कहानियाँ रहती हैं। अभी खोजें