Ch 951 - 953

127 12 0
                                    

ပြိုင်ဘက်ကင်းဆေးနတ်ဘုရား

ဘာသာပြန်သူ-ဖြိုးသူဝင်း

Book(70)

Chapter-13

(အလှည့်အပြောင်းလုပ်ရန်ပင်  အစွမ်းမရှိခြင်း)

စင်မြင့်ပေါ်တွင် တိုက်ခိုက်သံများ ကျယ်လောင်စွာ ထွက်ပေါ်နေခဲ့သည်။ တိုက်ပွဲအခြေအနေက ပုံမှန်မဟုတ်သည်အထိ ပြင်းထန်နေခဲ့၏။

လရောင်တိုက်ပွဲက နောက်ဆုံးတစ်ယောက်သာ အနိုင်ရရှိမည်ဖြစ်သော်လည်း ထိုနေရာအတွက် သွေးဆောင်မှုက အလွန်ကြီးမားလှသည်။ ထို့ကြောင့် ဤတစ်ကြိမ် စာရင်းသွင်းခဲ့ကြသော လူငယ်သိုင်းပညာရှင်များက သောင်းဂဏန်းအနည်းငယ် ရှိနေခဲ့၏။

လက်ရှိအချိန်တွင် ကျင်းပနေသည်က ကနဦးရွေးချယ်ပွဲအဖြစ်သာ  ရှိနေပေသေးသည်။

ပါဝင်ယှဥ်ပြိုင်သူများကို ပြိုင်ပွဲအပိုင်းများစွာ ခွဲခြားပြီး တိုက်ပွဲပေါင်းများစွာ တိုက်ခိုက်စေပေ၏။ အဆုံးသတ်တွင်  ရွေးချယ်ခံရသော လူ၁၆ယောက်က နောက်ဆုံးဗိုလ်လုတိုက်ပွဲများကို ဆင်နွှဲရမည်ဖြစ်သည်။

သို့ဖြစ်၍ ဂျီးနီးယပ်သိုင်းပညာရှင် တစ်ယောက်ချင်းစီတိုင်းက နောက်ဆုံးဗိုလ်လုပွဲကြီးတွင် ပါဝင်ခွင့်ရရန်အတွက် သူတို့၏အစွမ်းများကို အကုန်အစင် ထုတ်ပြနေခဲ့ကြ၏။

ဤအချိန်ကာလအတွင်း၌ သတင်းတစ်ခု ပျံ့နှံ့နေခဲ့ပြီဖြစ်သည်။ လက်ရှိအချိန်တွင် ယွဲ့မုန့်လီက လျှို့ဝှက်ဆန်းကြယ်သော ပုဂ္ဂိုလ်တစ်ယောက်၏ ကုသမှုကို ရရှိခဲ့ပြီး မကြာမီအချိန်အတွင်း ပြန်လည်ကျန်းမာလာတော့မည် ဖြစ်၏။

ဤသတင်းထွက်ပေါ်လာသည်နှင့် ဂျီးနီးယပ်သိုင်းပညာရှင်များက လှုံ့ဆော်ခြင်းခံလိုက်ရသလို ဖြစ်သွားခဲ့ကြသည်။

ယွဲ့မုန့်လီက နတ်ဘုရားနယ်မြေတွင် နာမည်ကျော်ကြားသော  ပြိုင်ဖက်ကင်း မိန်းမလှလေးတစ်ယောက် ဖြစ်၏။  တံခါးပိတ်ကျင့်ကြံနေသော ရေခဲဝိညာဥ်ဒီဗိုင်းဘုရင် တစ်ဦးတည်းကသာ
အလှအပအရာတွင် သူမကို
ယှဥ်ပြိုင်နိုင်ပေသည်။

သူတို့က ရေခဲဝိညာဥ်ဒီဗိုင်းဘုရင်ကို စဥ်းစားရဲခြင်းပင် မရှိကြပေ။ သို့သော် ယွဲ့မုန့်လီကမူ သူတို့လက်လှမ်းမီနိုင်သော အကွာအဝေးအတွင်း၌ ရှိနေခဲ့၏။

ပြိုင်ဘက်ကင်း ဆေးနတ်ဘုရား (ယီယွမ်) Part 4 ,( Ch - 657 - 1094)(ခွင့်ပြုချက်ရပြီး)Where stories live. Discover now