Book(67)Ch 1-2(or) Ch 893 - 894

107 15 0
                                    

ပြိုင်ဘက်ကင်းဆေးနတ်ဘုရား

ဘာသာပြန်သူ - ဖြိုးသူဝင်း

Book(67)

Chapter-1

(အစစ်အမှန်ခွန်အား)

ယီယွမ်ကို အဖွဲ့အတွင်းဝင်ရောက်ရန် ဖိတ်ခေါ်ခြင်းက ရှားပါးခြင်းမရှိပေ။

ဒုတိယအဆင့်တွင် ယီယွမ်၏ စွမ်းဆောင်ရည်ဖြင့်ဆိုလျှင် တတိယအဆင့်သို့ တက်ရောက်သွားပြီဆိုလျှင်ပင် သူက ထိပ်တန်းပုဂ္ဂိုလ်များ အရေးပေးခံရသည့် လူတစ်ယောက်  ဖြစ်လာမည်မှာ သေချာလှပေသည်။

လူအများကို အံ့အားသင့်သွားစေသည်မှာ စွန်းချီ၏ အပြုအမူပင်ဖြစ်၏။

စွန်းချီက မည်သူဖြစ်သနည်း။

မြေကမ္ဘာ လူသတ်သမားစာရင်းတွင် နံပါတ်၅၈ချိတ်သော ပုဂ္ဂိုလ်တစ်ယောက်ဖြစ်သည်။ သူ၏ခွန်အားက လန်ချင်ထက် အများကြီး ပိုမိုမြင့်မားပေ၏။

ထိုသို့အရေးပါသော လူတစ်ယောက်က ယီယွမ်ကို အလွန်ရိုသေလေးစားနေခဲ့သည်။

သူက နတ်ဆိုးဘုရင်၏ အမိန့်ကြောင့် ဤနေရာသို့ ရောက်လာခဲ့သည်ဆိုလျှင်ပင် ဤသို့သော အပြုအမူမျိုး လုံးဝဖြစ်မနေသင့်ပေ။

မိစ္ဆာကြိုးဝိုင်းက မည်သည့်အချိန်တွင် အလွန်ချိုသာ ယဥ်ကျေးနေခဲ့သနည်း။

"နတ်ဆိုးဘုရင်က ဘယ်သူတုန်း… ကျုပ်မသိဘူး… သိချင်စိတ်လည်းမရှိဘူး… ကျုပ်က စံအိမ်ကိုပြန်ပြီး ကျင့်ကြံစရာရှိသေးတယ်… ကျုပ်ကို မနှောင့်ယှက်ပါနဲ့….." ယီယွမ်က စိတ်မရှည်ဟန်ဖြင့် ပြောဆိုလိုက်၏။

လက်ရှိအချိန်တွင် သူက သတ်ဖြတ်ခြင်းဓားသိုင်းကို ကျင့်ကြံရန်အတွက် စိတ်ဓာတ်တက်ကြွနေခဲ့ပေသည်။ သို့သော် သူမသိသော နတ်ဆိုးဘုရင်ဆိုသူက နောက်ထပ်တစ်ကြိမ် ထပ်မံနှောင့်ယှက်လာခဲ့၏။ သူက ဤကိစ္စကို ကျေနပ်နေလျှင် ထူးဆန်းသွားပေမည်။

သို့သော် ဤစကားများကို  အခြားသူများက ကြားလိုက်ချိန်တွင် ဆွံ့အသွားခဲ့ကြသည်။

နတ်ဆိုးဘုရင်က ဘယ်သူတုန်း… တတိယအဆင့်ရဲ့ ဘုရင်တွေထဲက တစ်ယောက်လေ… ထိပ်ဆုံးငါးယောက်စာရင်းထဲက တစ်ယောက်ပဲ… ယီယွမ်က စိတ်မရှည်သလိုပုံစံနဲ့ ပြောဆိုရဲတယ်ပေါ့…..

ပြိုင်ဘက်ကင်း ဆေးနတ်ဘုရား (ယီယွမ်) Part 4 ,( Ch - 657 - 1094)(ခွင့်ပြုချက်ရပြီး)Where stories live. Discover now