Ch 724

109 13 0
                                    

ပြိုင်ဘက်ကင်းဆေးနတ်ဘုရား

ဘာသာပြန်သူ-ဖြိုးသူဝင်း

Book(55)

Chapter-2

(မျက်နှာသာပေးခြင်း)

"မြန်မြန်ပြောပါ… ဘာတွေပြင်ဆင်ဖို့ လိုအပ်လဲ….." ကျွင်းထျန်းယုက စိတ်လှုပ်ရှားစွာဖြင့် ပြောဆိုလိုက်သည်။

ယီယွမ်က ကျောက်စိမ်းပြားအလွတ် တစ်ခုကိုထုတ်ယူ၍ နာမည်အချို့ကို ရေးသွင်းလိုက်၏။ ကျွင်းထျန်းယုကို ကျောက်စိမ်းပြားပေးအပ်ပြီး ပြောဆိုခဲ့သည်။ "ဒီအဆင့်(6) ဆေးပင်တွေက လိုအပ်တဲ့အရာတွေပဲ… ပြီးတော့ ကျွန်တော်က စင်ကြယ်သောရေပန်းပွင့် ဆိုတဲ့အဓိကဆေးပင်ဆစ်မျိုး လိုအပ်ပါသေးတယ်… အဲဒါကို ရှာဖွေဖို့ မလွယ်ကူပါဘူး….."

"စင်ကြယ်သောရေပန်းပွင့်လား… တကယ်တိုက်ဆိုင်တာပဲ… ဆရာယွီတန်ကို ဖိတ်ခေါ်တဲ့အချိန်တုန်းက စင်ကြယ်သောရေပန်းပွင့်ကို အသုံးပြုပြီးတော့ ဆေးတစ်လုံးဖော်စပ်ခဲ့တယ်… ဒါပေမဲ့ ဝမ်းနည်းစရာကောင်းတာက ယွီရူအပေါ်မှာ ထိရောက်မှုလုံးဝမရှိဘူး… ကျုပ်က အခုချက်ချင်း သူ့ကိုသွားရှာပြီး သူ့မှာ စင်ကြယ်သောရေပန်းပွင့် ကျန်နေသေးလားလို့ သွားမေးလိုက်မယ်… ဒီကညီအစ်ကို… ငါ့ကိုကူညီပါ…  ရွှေဆေးအိုးမျှော်စင်ကို သွားရောက်ပြီးတော့ ဒီဆေးပင်တွေကို သွားရောက်ဝယ်ပေးပါလား… စိတ်အေးအေးထားပါ… ကုန်သွားတဲ့ အကျိုးပြုအမှတ်တွေကို ငါကနှစ်ဆပြန်ပေးပါ့မယ်….."

ကျွင်းထျန်းယု၏ စကားနောက်တစ်ဝက်က ယွီမင်ကို ပြောလိုက်ခြင်းဖြစ်သည်။

ယွီမင်က ကပျာကယာပင် ပြောဆိုခဲ့၏။ "မဝံ့ရဲပါဘူး… မခံယူရဲပါဘူး… အရှင်ကျွင်းအတွက်  တာဝန်ထမ်းဆောင်ပေးရတာက ဒီနိမ့်ကျတဲ့မျိုးနွယ်အတွက် ဂုဏ်ယူစရာပါပဲ….."

ယနေ့မတိုင်မီတွင် ကျွင်းထျန်းယုကဲ့သို့ အဓိကပုဂ္ဂိုလ်ကြီးတစ်ယောက်က သူ့ကို ရင်းရင်းနှီးနှီး ဆက်ဆံမည်ဟူ၍ ယွီမင်က လုံးဝမျှော်လင့်မထားခဲ့ပေ။

သူကဲ့သို့ အရေးမပါသော လူတစ်ယောက်အတွက် ဤအရာက ကြီးမားသောဂုဏ်ယူဖွယ် ကိစ္စတစ်ခု ဖြစ်သည်။

ပြိုင်ဘက်ကင်း ဆေးနတ်ဘုရား (ယီယွမ်) Part 4 ,( Ch - 657 - 1094)(ခွင့်ပြုချက်ရပြီး)Where stories live. Discover now