Ch 948 - 950

120 14 0
                                    

ပြိုင်ဘက်ကင်းဆေးနတ်ဘုရား

ဘာသာပြန်သူ-ဖြိုးသူဝင်း

Book(70)

Chapter-10

(အထွတ်အထိပ် ဆေးဖော်စပ်မှု)

နဂါးဧကရာဇ်ဆေးအိုးကို မြင်လိုက်ရ၍ ထိတ်လန့်တုန်လှုပ်နေရာမှ သတိပြန်ဝင်လာခဲ့ပြီး ချွမ်ရှင်းကျိက သူ၏ထိုင်ခုံပေါ်သို့   ပြန်လည်ထိုင်ချလိုက်သည်မှာ အချိန်မကြာသေးပေ။

ယီယွမ်က ဝိညာဥ်ဆေးပင်များကို အမှုန့်ဖြစ်အောင် ပြုလုပ်လိုက်သည်ကိုမြင်သော် သူက နောက်ထပ်တစ်ကြိမ် မတ်တတ်ထရပ်ခဲ့၏။

"ဆေးပင်တွေအမှုန့်ချေပြီး ကနဦးအဆင့် ဖွဲ့စည်းခြင်း….." ချွမ်ရှင်းကျိက ထိတ်လန့်တုန်လှုပ်စွာပင် အော်ဟစ်လိုက်သည်။

သူတစ်ယောက်တည်းသာ မဟုတ်ဘဲ မှော်ဆေးပညာရှင်အင်ပါယာများက အလွန့်အလွန် ထိတ်လန့်တုန်လှုပ်နေခဲ့ကြ၏။ နဂါးဧကရာဇ်ဆေးအိုးကို သူတို့က မသိရှိကြသော်လည်း သူတို့အားလုံးက  ဆေးပင်များအမှုန့်ချေ၍ ကနဦးအဆင့် ဖွဲ့စည်းခြင်းကို ကောင်းစွာသိရှိပေသည်။

ဆေးပင်များအမှုန့်ချေ၍ ကနဦးအဆင့် ဖွဲ့စည်းခြင်းက ဆေးလုံးကနဦးအဆင့် ဖွဲ့စည်းသည့်  နည်းလမ်းတစ်ခု ဖြစ်ပေ၏။

ထိုကိစ္စကိုပြောရသည်က လွယ်ကူရိုးရှင်းသော်လည်း ထိုသို့လုပ်ဆောင်နိုင်သူများက အနည်းငယ်မျှသာ ရှိပေသည်။

ဝိညာဥ်ဆေးပင်များကို လက်ဝါးတစ်ချက်ဖြင့် အမှုန့်ချေခြင်းက ခက်ခဲခြင်းမရှိပေ။ ဆေးပင်များအမှုန့်ချေ၍ ကနဦးအဆင့် ဖွဲ့စည်းခြင်း၌ အခက်ခဲဆုံးအပိုင်းက သဘာဝစွမ်းအင် ထိန်းချုပ်မှုဖြစ်ပြီး ဝိညာဥ်ဆေးပင်၏ ဆေးစွမ်းအင်ကို ယုတ်လျော့သွားခြင်း မရှိစေရန် ထိန်းချုပ်ရခြင်းဖြစ်၏။

ထိုကိစ္စတွင်ပါဝင်သော ခက်ခဲမှုများကြောင့် အတွေ့အကြုံ အလွန်ရင့်ကျက်သော မှော်ဆေးပညာရှင်အင်ပါယာများပင် ထိုသို့စွမ်းဆောင်နိုင်ရန် အလွန်ခက်ခဲပေသည်။

ယီယွမ်က အသက်၂၀ကျော်အရွယ်သာ ရှိနေခဲ့သော်လည်း ဆေးပင်များအမှုန့်ချေ၍ ကနဦးအဆင့် ဖွဲ့စည်းခြင်းကို သူက အလွယ်တကူ လုပ်ဆောင်နိုင်ခဲ့၏။ ထိုကိစ္စကြောင့် သူတို့က မအံ့ဩဘဲ မည်သို့နေနိုင်မည်နည်း။

ပြိုင်ဘက်ကင်း ဆေးနတ်ဘုရား (ယီယွမ်) Part 4 ,( Ch - 657 - 1094)(ခွင့်ပြုချက်ရပြီး)Opowieści tętniące życiem. Odkryj je teraz