Ch 1047 - 1049

117 11 0
                                    

ပြိုင်ဘက်ကင်းဆေးနတ်ဘုရား

ဘာသာပြန်သူ-ဖြိုးသူဝင်း

Book 77

Chapter-4

(ကောင်းပြီလေ… ဒါဆိုဒူးထောက်)

ဝုန်း…..

ကုယွဲ့၏ နောက်တွင်ရှိသော နံရံတစ်ဝက်က ကျယ်လောင်သော အသံတစ်ခုဖြင့် ပြိုလဲသွားခဲ့သည်။

သို့သော် ကျန့်ဝူရွှမ်းက အနည်းငယ်  မျက်မှောင်ကုတ်သွားခဲ့သည်။ သူ၏မျက်နှာတွင် တုန်လှုပ်သွားသော အရိပ်အယောင်တစ်ခု ပေါ်လာခဲ့ပြီး ပြောဆိုလိုက်၏။ "ကောင်းကင်နှင့်မြေကြီးနှင့် ပေါင်းစပ်ခြင်း….."

ထိုအချိန်တွင် ယီယွမ်၏ ခန္ဓာကိုယ်က မနီးမဝေးတွင် ဖြည်းဖြည်းချင်း ပေါ်ထွက်လာခဲ့သည်။ သူ၏ လက်က ကုယွဲ့၏ ဝတ်စုံကော်လာကို ဆုပ်ကိုင်ထားဆဲ ဖြစ်ပေသည်။

ယီယွမ်က သူ၏လက်ကို လျှော့ပေးလိုက်ရာ ကုယွဲ့က မြေပြင်ပေါ်သို့ ပြုတ်ကျသွားခဲ့၏။ သူ၏ မျက်လုံးများက ပြူးကျယ်နေခဲ့သည်။ သူက သတိပြန်ဝင်လာခြင်း မရှိသေးကြောင်း သိသာထင်ရှားနေခဲ့သည်။

စောစောလေးမှ အခိုက်အတန့်တွင် သူက သေချာပေါက် သေဆုံးရမည်ဟု တွေးထားခဲ့ပေသည်။

ယခု သူက မှန်ကန်စွာ လောင်းကြေးထပ်လိုက်မိပြီဖြစ်၏။

အရှင်ချင်ယန်ကျိက အမှန်တကယ် လှုပ်ရှားပြီး သူ့ကို ကယ်ဆယ်ခဲ့ပေသည်။

"ကောင်းကောင်းလုပ်ခဲ့တာပဲ….." ယီယွမ်၏ တည်ငြိမ်သောအသံက ကောင်းကင်တေးသွားတစ်ခုသဖွယ် သူ၏နားထဲသို့ ဝင်ရောက်လာခဲ့သည်။

ဤအခိုက်အတန့်တွင် အောင်းချမ်နှင့် ကျန်လူများက ချက်ချင်းရောက်လာခဲ့ကြပြီး ယီယွမ်၏ဘေးတွင် အသင့်အနေအထားဖြင့် ကာကွယ်ထားခဲ့ကြသည်။

ကျန့်ဝူရွှမ်းက ယီယွမ်ကို တစ်ချက်လှမ်းကြည့်လိုက်ပြီး ရုတ်တရက်ပင် ကျယ်လောင်စွာရယ်မော၍ ပြောဆိုလိုက်၏။ "ဟားဟားဟား… မြင့်မြတ်တဲ့ ထိပ်ဆုံးအဆင့် မှော်ဆေးပညာရှင်အင်ပါယာ ချင်ယန်ကျိက ဒီလိုအခြေအနေမျိုးနဲ့ တကယ် အဆုံးသတ်သွားတာပဲ… တကယ်ထင်မထားခဲ့ဘူး… ဝိုး… တကယ်ထင်မထားခဲ့ဘူး… ဖြစ်နိုင်တာက ဒီကိစ္စကို ကောင်းကင်ဘုံက အမြင်ရှိတယ်လို့ ခေါ်တာလား… မင်းတို့တွေကရော အဲ့လိုမထင်ဘူးလား… ဟားဟားဟား….."

ပြိုင်ဘက်ကင်း ဆေးနတ်ဘုရား (ယီယွမ်) Part 4 ,( Ch - 657 - 1094)(ခွင့်ပြုချက်ရပြီး)Where stories live. Discover now