Ch 735

104 9 0
                                    

ပြိုင်ဘက်ကင်းဆေးနတ်ဘုရား

ဘာသာပြန်သူ-ဖြိုးသူဝင်း

Book(55)

Chapter-13

(လေးစားမှု)

"ဆရာယီ… ဆရာယီရဲ့ ယုံကြည်မှုက ဘယ်ကရောက်လာတာလဲဆိုတာ ကျွန်မမသိပါဘူး… ဒါပေမဲ့ ကျွန်မတို့ကြား အလုပ်အတူလုပ်မယ်ဆိုရင် သင်းရနံ့ခန်းမအတွက် ဆွေးနွေးသင့်တယ်လို့ ကျွန်မထင်တယ်… ဆရာယီက အဲဒီနယ်မြေကိုပေးပါ… ကျွန်မက လူအင်အားနဲ့ အရင်းအမြစ်ပစ္စည်းတွေ ပေးအပ်ပါမယ်… ဒီနည်းနဲ့ဆိုရင် လူတိုင်းက ပူးပေါင်းမှု​ကြောင့် ပျော်ရွှင်ရပါလိမ့်မယ်….."

ချမ်းအာက ယီယွမ်နှင့် စကားဆက်ပြောလိုစိတ်မရှိတော့၍ သူမလိုချင်သည်ကို ပွင့်ပွင့်လင်းလင်း ပြောဆိုခဲ့ကြောင်း သိသာနေခဲ့သည်။

သူမ၏ရှေ့တွင်ရှိသော ဆေးလုံးများကိုမူ သူမက လုံးဝပင် ဂရုမစိုက်ပေ။

အကယ်၍ သူမ၏ရှေ့၌ ရှိနေခဲ့သော ဆေးလုံးများက အဆင့်(6)ဆေးလုံးများ ဖြစ်နေလျှင် သူမက စိတ်ဝင်စားပေလိမ့်မည်။ သို့သော် အဆင့်(5) ဆေးလုံးအမျိုးအစားအချို့ကိုမူ ချမ်းအာက တစ်ချက်မျှပင် မကြည့်ပေ။ ထိုဆေးလုံးများက ရိုးရှင်းလှ၏။

ထိုအချိန်၌ တစ်ချိန်လုံး နှုတ်ဆိတ်နေခဲ့သော ကျွင်းထျန်းယုက နောက်ဆုံးတွင် စကားပြောလာခဲ့ပြီဖြစ်သည်။

"ချမ်းအာမိန်းကလေး… အတွေးမမှားပါနဲ့… ကြယ်ပျံကုန်သွယ်ရေးအဖွဲ့ကို ငါတို့ရောက်လာတာက စီးပွားရေးအတူလုပ်ဖို့ပဲ… မင်းတို့ရဲ့ လက်အောက်ခံ လာလုပ်တာမဟုတ်ဘူး… ဒီဆေးလုံးအမျိုးအစား အနည်းငယ်က စျေးကွက်ထဲရောက်သွားပြီဆိုရင် ကြောက်စရာကောင်းတဲ့ အမြတ်အစွန်းတွေ ရရှိမှာ အသေအချာပဲ… ငါတို့က ကြယ်ပျံကုန်သွယ်ရေးအဖွဲ့ကို ရောက်လာခဲ့တာက မင်းတို့အဖွဲ့ကို ရှေးဟောင်းကြွယ်ဝခြင်းမြို့မှာ စျေးကွက်ဝေစုတစ်ခု ပိုမိုရရှိလာအောင်လို့ပဲ… ငါတို့က အခြားကုန်သွယ်ရေးအဖွဲ့တွေနဲ့ ပူးပေါင်းလိုက်မယ်ဆိုရင် မင်းတို့အဖွဲ့က ရှေးဟောင်းကြွယ်ဝခြင်းမြို့မှာ ရှင်သန်ဖို့ ပိုမိုခက်ခဲသွားလိမ့်မယ်….."

ပြိုင်ဘက်ကင်း ဆေးနတ်ဘုရား (ယီယွမ်) Part 4 ,( Ch - 657 - 1094)(ခွင့်ပြုချက်ရပြီး)Where stories live. Discover now