Book(76)Ch 1-3 (or)Ch 1029 -1031

113 11 0
                                    

ပြိုင်ဘက်ကင်းဆေးနတ်ဘုရား

ဘာသာပြန်သူ - ဖြိုးသူဝင်း

Book(76)

Chapter-1

(မျိုးဆက်မြင့်မားမှုကို အသုံးပြု၍ အနိုင်ကျင့်ခြင်း)

အောင်းသော်၏ စကားများကို ကြားလိုက်သည့်အချိန်တွင် အောင်းကျန့်ပေါ်နှင့် လုံကျိုက်ထျန်းတို့၏ မျက်နှာအမူအရာများက ပြောင်းလဲသွားခဲ့ကြသည်။

လွန်ခဲ့သော နှစ်ပေါင်းလေးသောင်းမှ ပုဂ္ဂိုလ်တစ်ဦးက သူတို့၏ မျက်စိရှေ့မှောက်တွင် မည်သို့ထွက်ပေါ်လာသည်ကို သူတို့နှစ်ဦးစလုံး စဥ်းစားတွေးတောနိုင်ခြင်း မရှိတော့ပေ။

နဂါးမျိုးနွယ်၏ သက်တမ်းက လူသားမျိုးနွယ်ထက် အလွန်ရှည်လျားသော်လည်း အလွန်ဆုံး နှစ်ပေါင်းနှစ်သောင်းမျှသာ ရှည်လျားပေသည်။

ဒါဆိုရင် ငါတို့ရဲ့ ရှေ့မှာရှိနေတဲ့ ဒဏ္ဍာရီလာ အကြီးအကဲချုပ်က ဘယ်လိုဖြစ်တာလဲ…..

"ဒါဆိုရင် ဆိုလိုတာက… အရင်ခေါင်းဆောင်ကြီးထက်စာရင် သူက ပိုပြီးတော့ သက်တမ်းရှည်….." လုံကျိုက်ထျန်းက အံ့အားသင့်တုန်လှုပ်စွာ ပြောဆိုလိုက်သည်။

အောင်းသော်က ခေါင်းညိတ်၍ ပြောလိုက်သည်။ "တကယ်လို့ သူက တကယ်ပဲ ဘိုးဘေးကြီးအောင်းချမ် ဖြစ်နေရင်ပေါ့… ဒါပေမဲ့ ဘိုးဘေးကြီးအောင်းချမ်က လွန်ခဲ့တဲ့ နှစ်ပေါင်းလေးသောင်းက ပုဂ္ဂိုလ်တစ်ဦးပဲ… အခုအချိန်အထိ ဘယ်လိုလုပ်ပြီး အသက်ရှင်နေခဲ့တာလဲ….."

အောင်းချမ်က ဒေါသထွက်ခြင်းမရှိခဲ့ဘဲ အသာအယာပြုံး၍ ပြောလိုက်သည်။ "ကြည့်ရတာ ဒီအဖိုးကြီးက နာမည်ဂုဏ်သတင်းအချို့ ရှိနေသေးတဲ့ပုံပဲ… ဒါပေမဲ့ လွန်ခဲ့တဲ့ နှစ်ပေါင်းလေးသောင်းက ဆိုတော့လည်း ဘာဖြစ်သေးလဲ… မင်းတို့က ဒီအဖိုးကြီးကို လွန်ခဲ့တဲ့ နှစ်ပေါင်းလေးသောင်းက အစွမ်းအထက်ဆုံးလူလို့ သိကြတယ်ဆိုရင် လွန်ခဲ့တဲ့ နှစ်ပေါင်းငါးသောင်းမှာ ဘယ်သူက အစွမ်းအထက်ဆုံးလူလဲဆိုတာ သိကြရဲ့လား….."

အောင်းသော်က လူအ,တစ်ယောက်မဟုတ်ပေ။ အောင်းချမ်က မည်သည့်ပုဂ္ဂိုလ်အကြောင်း ပြောဆိုနေသည်ကို ချက်ချင်းသိရှိသွားခဲ့ပြီး ထိတ်လန့်တုန်လှုပ်နေသော အမူအရာတစ်ခု ထွက်ပေါ်လာခဲ့သည်။

ပြိုင်ဘက်ကင်း ဆေးနတ်ဘုရား (ယီယွမ်) Part 4 ,( Ch - 657 - 1094)(ခွင့်ပြုချက်ရပြီး)Where stories live. Discover now