Ch 931 - 933

121 13 0
                                    


ပြိုင်ဘက်ကင်းဆေးနတ်ဘုရား

ဘာသာပြန်သူ-ဖြိုးသူဝင်း

Book 69

Chapter-10

(စစ်ခုန်ရှန်း)

"ယီယွမ်… မင်းရဲ့ဝှက်ဖဲကို ထုတ်ပြစမ်း… မင်းက ခွန်အားမရှိဘဲ လှည့်ကွက်အချို့ လုပ်ဆောင်ခဲ့တာလား… ဒါမှမဟုတ် မင်းက ဒီအရှင်ကို စိန်ခေါ်နိုင်တဲ့အစွမ်း တကယ်ရှိနေတာလားဆိုတာ ငါသိချင်မိတယ်….." ယီယွမ်ကို ကြည့်နေခဲ့သော  ငရဲသတ်ခြင်း၏အကြည့်က အလင်းရောင်အချို့ လင်းလက်နေခဲ့သည်။

လမ်းတစ်လျှောက်လုံးတွင် ငရဲသတ်ခြင်းက အခြေအနေတိုင်းတွင် အလျှော့ပေးနေခဲ့ခြင်းမှာ ယီယွမ်၏ အခြေအနေအမှန်ကို သူက မသိနိုင်ခဲ့သောကြောင့်ပင် ဖြစ်၏။

ယခု သူက သတ်ဖြတ်ခြင်းအသိ စွမ်းရည်အများကြီးကို စုပ်ယူခဲ့ပြီးဖြစ်၍ သူ၏ခွန်အားက အကြီးအကျယ် မြင့်တက်လာခဲ့သည်။ ယီယွမ်ကို ရင်ဆိုင်ရာတွင် သူ၏ယုံကြည်မှုက ပိုမိုမြင့်မားလာခဲ့၏။

ယီယွမ်ကလည်း ငရဲသတ်ခြင်းကို ကြည့်လိုက်သည်။ သူ၏နှုတ်ခမ်းထောင့်တွင် အပြုံးတစ်ခု ထွက်ပေါ်လာခဲ့ပြီး အေးအေးဆေးဆေး ပြောဆိုခဲ့၏။ "ကျုပ်က ခင်ဗျားကို ငရဲသတ်ခြင်းလို့ ခေါ်ရမှာလား… ဒါမှမဟုတ် စစ်ခုန်ရှန်းလို့ ခေါ်ရမှာလား….."

ဤစကားများကိုကြားသော် ကျန်ကြီးမြတ်သူသုံးယောက်က အံ့ဩသွားခဲ့ဟန်များ ပေါ်လာခဲ့သော်လည်း ကြီးမြတ်သူ ငရဲသတ်ခြင်း၏ အသက်ရှူသံက တုံ့ဆိုင်းသွားခဲ့သည်။

"မင်းတို့သုံးယောက် ထွက်သွားလိုက်ကြတော့….." ငရဲသတ်ခြင်းက တည်ငြိမ်စွာပင် ပြောဆိုခဲ့၏။

ကြီးမြတ်သူ သွေးအေးနှင့် ကြီးမြတ်သူ ကောင်းကင်ပျော်ပါးခြင်းက အံ့ဩသွားခဲ့သော်လည်း သူတို့က ငရဲသတ်ခြင်းကို အရိုအသေပေးလိုက်ပြီး ပြောခဲ့သည်။ "ဟုတ်ကဲ့….."

ဤအချိန်တွင် စစ်ယင်းက ယီယွမ်ကို သူမ၏ အသက်သခင် ကျေးဇူးရှင်အဖြစ် သတ်မှတ်ထားခဲ့ပြီဖြစ်၏။ သူမက ယီယွမ်ကို ဤကဲ့သို့ အန္တရာယ်ကြီးမားသော နေရာတစ်ခုတွင် ချန်ထားရစ်လိုခြင်း မရှိပေ။

ပြိုင်ဘက်ကင်း ဆေးနတ်ဘုရား (ယီယွမ်) Part 4 ,( Ch - 657 - 1094)(ခွင့်ပြုချက်ရပြီး)Où les histoires vivent. Découvrez maintenant