Ch 1077 - 1079

111 13 0
                                    

ပြိုင်ဘက်ကင်းဆေးနတ်ဘုရား

ဘာသာပြန်သူ-ဖြိုးသူဝင်း

Book 79

Chapter-4

(ကျွန်တော်တို့  မှားသွားပါတယ်)

ယီယွမ်၏ စကားများ ထွက်ပေါ်လာသည်နှင့် လူတိုင်းက အကြီးအကျယ် ပွက်လောရိုက်သွားခဲ့ကြသည်။

အထူးသဖြင့် ဟင်းလင်းပြင်ဆန်းကြယ်အဆင့် ပုဂ္ဂိုလ်များအားလုံးက ယီယွမ်ကို မယုံကြည်နိုင်အောင်ဖြစ်နေသော အကြည့်များဖြင့် ကြည့်နေခဲ့ကြသည်။

စွန်းမန်၏ မျက်နှာအမူအရာက နက်မှောင်သွားခဲ့ပြီး မေးမြန်းလိုက်သည်။ "မင်းဘာပြောနေတာလဲဆိုတာ မင်းသိရဲ့လား….."

ယီယွမ်က တည်ငြိမ်စွာပင်  ပြောဆိုလိုက်၏။ "သောက်ရေးမပါတာ… ကျုပ်ဘာပြောလိုက်လဲဆိုတာ ကျုပ်မသိဘဲနေပါ့မလား….."

"ကောင်းပြီ… မင်းက နောက်ဆုတ်ချင်တယ်ဆိုမှတော့ တာအိုဝိညာဥ်သစ်သီးအတွက် မင်းကဝေစုမရဘူး… တကယ်လို့ အချိန်ကျလာရင် မင်းက တာအိုဝိညာဥ်သစ်သီးကို လုယူချင်တယ်ဆိုရင်တော့ လူတိုင်းရဲ့ ရန်သူကြီးတစ်ယောက် ဖြစ်လာရလိမ့်မယ်….." စွန်းမန်က လေးလေးနက်နက် လေသံဖြင့် ပြောဆိုလိုက်သည်။

ယီယွမ်က တည်ငြိမ်စွာပင် ပခုံးတွန့်၍ ပြောလိုက်သည်။ "ခင်ဗျားတို့က ကိုယ့်ဘာသာကိုယ်ပဲ ကောင်းကောင်းကစားကြပါ… ကျုပ်က ဒီကိစ္စမှာ ခင်ဗျားတို့ မပါဝင်ကြဖို့ လူတိုင်းကို သတိပေးတိုက်တွန်းချင်ပေမဲ့ ခင်ဗျားတို့က ကျုပ်စကားကို နားထောင်ကြမှာမဟုတ်ဘူးဆိုတာ အသေအချာပဲ… ဖြစ်လာမယ့် အကျိုးဆက်တွေကိုတော့ ကိုယ့်ဘာသာကိုယ် ရင်ဆိုင်ကြပေတော့….."

ယီယွမ်၏စကားများက စွန်းမန်၏ နှလုံးသားကို တုန်ယင်သွားစေခဲ့သည်။

ကျန်လူများကမူ ယီယွမ်ကို ထူးဆန်းသောအကြည့်များဖြင့် ကြည့်နေခဲ့ကြသည်။ အဘယ်ကြောင့်ဆိုသော် ယီယွမ်၏စကားများက အလွန်ထူးဆန်းသောကြောင့်ပင် ဖြစ်၏။

ဤအရာက နတ်တန်ခိုးရှင်အဆင့်သို့ တက်ရောက်ရန် တစ်ခုတည်းသော အခွင့်အရေးဖြစ်ပေရာ မည်သို့သော အကျိုးဆက်ကို ရင်ဆိုင်ရန် လိုအပ်မည်နည်း။

ပြိုင်ဘက်ကင်း ဆေးနတ်ဘုရား (ယီယွမ်) Part 4 ,( Ch - 657 - 1094)(ခွင့်ပြုချက်ရပြီး)Where stories live. Discover now