877 - 878

107 12 0
                                    


ပြိုင်ဘက်ကင်းဆးနတ်ဘုရား

ဘာသာပြန်သူ-ဖြိုးသူဝင်း

Book ( 65 )

Chapter-13

(အကြွင်းမဲ့သတ်ဖြတ်ခြင်း အမှတ်အသား)

"ဆရာယီ… ကျွန်မတို့လင်မယားက လင်အာကို ဆရာယီ ကုသပေးခဲ့တာနဲ့တင် ကျေးဇူးအများကြီးတင်နေပါပြီ… ဒါပေမဲ့ ဒီရှဲ့ယင်ကိုတော့ ရန်စလို့မရပါဘူး… တိမ်တိုက်ကုန်ဆုံးခြင်းမြို့ကနေ အခုချက်ချင်း ထွက်သွားပါ… ဝေးဝေးသွားနိုင်လေ ပိုကောင်းလေပဲ….." လင်ရှောင်းကလည်း နားချလိုက်သည်။

သို့သော် သူမ၏အသံ မဆုံးသေးချိန်တွင် ပေါ့ပါးသောချပ်ဝတ်ကို ဝတ်ဆင်ထားသည့် သက်လတ်ပိုင်းအရွယ် လူတစ်ယောက်က လေထဲတွင် ပျံသန်းလာခဲ့ပြီး ယီယွမ်၏ရှေ့မှောက်သို့ ရောက်လာခဲ့ပေ၏။

"ဟားဟားဟား… ငါ,ရှဲ့ယင်ရဲ့ ခွင့်ပြုချက်မပါရင် မင်းတို့တွေ ထွက်သွားချင်ရင်တောင် ထွက်မသွားနိုင်တော့ဘူး… မင်းက စိန်ခေါ်ရဲတယ်ဆိုမှတော့ သေခြင်းတရားကိုလည်း လက်ခံဖို့ ပြင်ဆင်ထားရမှာပေါ့… ထွက်သွားမှာလား… မင်းတို့တွေက ဘယ်နေရာကို သွားကြမှာလဲ….." ရှဲ့ယင်က မောက်မာဝံ့ကြွားစွာပင် ပြောဆိုခဲ့သည်။

ယန်ကျွင်းက ရှဲ့ယင်ကိုမြင်သော် သူ၏မျက်လုံးများက မီးဝင်းဝင်းတောက်လာခဲ့၏။ သူက စိတ်မထိန်းနိုင်တော့ဘဲ ပြောဆိုလိုက်သည်။ "ရှဲ့ယင်… မင်းက လင်အာကို ဖမ်းဆီးသွားတဲ့သူလား….."

ရှဲ့ယင်က ငြင်းဆန်မည်ဟုသာ ယန်ကျွင်းက ထင်ထားခဲ့၏။ ရှဲ့ယင်က ကျယ်လောင်စွာရယ်မော၍ ဝန်ခံပြောဆိုခဲ့မည်ဟု သူလုံးဝထင်မှတ်မထားခဲ့ပေ။ "ဟုတ်တယ်လေ… ဘာဖြစ်လို့တုန်း… ငါလိုချင်တဲ့ မြေကမ္ဘာ သဘာဝသလင်းတုံးတွေ ပြင်ဆင်ပြီးသွားပြီလား… ငါမင်းကို သတိမပေးဘူးလို့ အပြစ်မတင်နဲ့နော်… အရူးတစ်ယောက်က ငါ့ကို စိန်ခေါ်နေတယ်ဆိုရင်တောင် အချိန်ပြည့်သွားပြီဆိုတာနဲ့ ငါက မင်းရဲ့သမီးကို ပို့ပေးလိုက်မယ်… ဒီငချွတ်ကလေးက အချိန်ဆွဲထားနိုင်မယ်လို့ မထင်နဲ့….."

ရှဲ့ယင်က ထိုသို့ပွင့်ပွင့်လင်းလင်း ဝန်ခံခဲ့သည့်အတွက် ယန်ကျွင်းက ပို၍ဒေါသထွက်သွားခဲ့သည်။ တစ်ဖက်လူ၏ ခွန်အားက အလွန်မြင့်မားနေ၍သာ မဟုတ်ခဲ့လျှင် သူက ချက်ချင်းပင် သူ၏အသက်ကို စတေး၍ တိုက်ခိုက်မိပေလိမ့်မည်။

ပြိုင်ဘက်ကင်း ဆေးနတ်ဘုရား (ယီယွမ်) Part 4 ,( Ch - 657 - 1094)(ခွင့်ပြုချက်ရပြီး)Where stories live. Discover now