Book (56) Ch 1 and 5 or Ch 737 - 741

146 11 0
                                    

ပြိုင်ဘက်ကင်းဆေးနတ်ဘုရား

ဘာသာပြန်သူ-ဖြိုးသူဝင်း

Book(56)

Chapter-1

(လျှော့စျေး)

ကောင်းကင်ဘုံကံကြမ္မာ ကုန်သွယ်ရေးအဖွဲ့က ရှေးဟောင်းကြွယ်ဝခြင်းမြို့၌ အင်အားအကြီးဆုံး ကုန်သွယ်ရေးအဖွဲ့ဖြစ်ပြီး ရှေးဟောင်းကြွယ်ဝခြင်းလမ်း၌ အထိရောက်ဆုံးသော နေရာများတွင် နေရာယူထားခဲ့ပေသည်။ အသစ်ဖြစ်လာသော သင်းရနံ့ဆေးစံအိမ်နှင့် မျက်နှာချင်းဆိုင်နေရာတွင်လည်း ရှိနေခဲ့၏။

ယခု သင်းရနံ့ဆေးစံအိမ်က စီးပွားရေးအသစ် လုပ်ဆောင်တော့မည့်အချိန်ဖြစ်ရာ လူအများအပြားက ကောင်းကင်ဘုံကံကြမ္မာ ကုန်သွယ်ရေးအဖွဲ့ကို သင်းရနံ့ဆေးစံအိမ်က မည်သို့သော သက်ရောက်မှုမျိုး ဖြစ်ပေါ်စေမည်ကို စောင့်ကြည့်နေကြဟန်ဖြင့် စောင့်ဆိုင်းနေခဲ့ကြသည်။

သင်းရနံ့ဆေးစံအိမ်နှင့် ကွာခြားသည်မှာ ကောင်းကင်ဘုံကံကြမ္မာ ကုန်သွယ်ရေးအဖွဲ့၏ စီးပွားရေးစျေးကွက်က အလွန်ကျယ်ပြန့်နေခဲ့ခြင်းဖြစ်၏။

သိုင်းပညာရှင်များ လိုအပ်သည့်အရာရာတိုင်းကို သူတို့က အားလုံးရောင်းချပေးနိုင်ခဲ့သည်။

သို့သော် အကျိုးအမြတ်အရဆုံး ကိစ္စမှာ ဆေးလုံးများရောင်းချခြင်း ဖြစ်ကြောင်းကို သံသယဝင်စရာမလိုအပ်ပေ။ ဆေးလုံးများက တစ်ခါသုံးပစ္စည်းများ ဖြစ်နေကြသည့်တိုင် ထိုဆေးလုံးများက သိုင်းပညာရှင်များအတွက် မရှိမဖြစ် လိုအပ်သောအရာများ ဖြစ်ကြပေ၏။ 

သိုင်းပညာရှင်များက မည်သည့်နေရာသို့ သွားရောက်နေပါစေ ဆေးလုံးများက မရှိမဖြစ်လိုအပ်သော ပစ္စည်းများ ဖြစ်ကြသည်။

အကယ်၍ သိုင်းပညာရှင်နှစ်ယောက်၏ ခွန်အားက ကွာခြားမှုမကြီးမားလျှင် အဆုံးစွန်အထိ အကြိတ်အနယ် တိုက်ခိုက်ရာ၌ သူတို့ယှဥ်ပြိုင်ရသည်မှာ ဆေးလုံးများပင်ဖြစ်၏။

မှော်ဆေးပညာရှင်များ၏ အဆင့်အတန်းက အလွန်မြင့်မားနေခြင်းမှာ ဤအချက်ကလည်း အကြောင်းပြချက်တစ်ခု ရှိနေခဲ့ပေသည်။

ပြိုင်ဘက်ကင်း ဆေးနတ်ဘုရား (ယီယွမ်) Part 4 ,( Ch - 657 - 1094)(ခွင့်ပြုချက်ရပြီး)Where stories live. Discover now