Ch 712

111 11 0
                                    

ပြိုင်ဘက်ကင်းဆေးနတ်ဘုရား

ဘာသာပြန်သူ-ဖြိုးသူဝင်း
Book(54)

Chapter-4

(တာအိုကိုမှီခိုနေသော နှလုံးသားတစ်ခု)

သဘာဝစွမ်းအင် အသုံးပြမှုမရှိသည့်အပြင် မျက်စိနောက်စရာ လှုပ်ရှားမှုများလည်း လုံးဝမရှိခဲ့ပေ။

ရိုးရှင်းပြီး သာမန်ဓားချက်တစ်ချက်သာ ဖြစ်ပေ၏။

ဓားအသိများက အကန့်အသတ်အထိ ဖွဲ့စည်းလာခြင်းတစ်ခုသာ ရှိ​နေခဲ့သည်။

ကျောက်ချန်ကန်း၏လက်ထဲမှ လှံက အလယ်အလတ်အဆင့် နက်နဲခြင်းမှော်ရတနာအဆင့် လက်နက်တစ်ခုဖြစ်၏။ ထိုအရာကို ဖျက်ဆီး၍မရနိုင်တော့ဟုပင် ပြောနိုင်ပေသည်။

သို့ရာတွင် ယီယွမ်က သူ၏ဓားကို ထုတ်ဖော်လိုက်သည်နှင့် ချက်ချင်းပင် ထိုလှံက လှံထိပ်မှစ၍ နှစ်ခြမ်းကွဲသွားခဲ့ပေ၏။

"ဖောင်းးး….."

ကျောက်ချန်ကန်းရှိနေသော နေရာ၌ သူ၏ခန္ဓာကိုယ်ရှိမနေတော့ပေ။

သူရပ်နေသောနေရာမှ နယ်မြေတွင် ကြီးမားသော ဟက်တက်ကွဲ အက်ကွဲကြောင်းကြီးတစ်ခု ဖြစ်ပေါ်နေခဲ့သည်။

ဤဟက်တက်ကွဲ အက်ကွဲကြောင်းကြီးက ပေတစ်ထောင်ရှည်လျားပေ၏။

ဤဟက်တက်ကွဲ အက်ကွဲကြောင်းကြီးက ယီယွမ်၏ ထိုဓားချက်ကြောင့် ဖြစ်ပေါ်လာခဲ့ခြင်းပင် ဖြစ်သည်။

ကျောက်ချန်ကန်း၏ ခန္ဓာကိုယ်တစ်ခုလုံးက ယီယွမ်၏ ဓားအသိအောက်၌ ပျောက်ကွယ်သွားခဲ့ပေ၏။

ကြီးမားသော ဟက်တက်ကွဲ အက်ကွဲကြောင်းကြီးက လေထဲ၌ တစ်စုံတစ်ယောက်၏ ဆွဲဖြဲခြင်းခံလိုက်ရသော အပေါက်ကြီးတစ်ခုသဖွယ် ဖြစ်နေခဲ့သည်။ ထိုအထဲတွင် ပြင်းထန်သော နယ်မြေလှုပ်ရှားမှုစီးကြောင်း  ပြည့်နှက်နေခဲ့ပေ၏။

ကျောက်ချန်ကန်း၏ လှံရှည်က နယ်မြေလှုပ်ရှားမှုစီးကြောင်း၏ တိုက်စားခြင်းကို ချက်ချင်းခံလိုက်ရသည်။ 

ထိုနယ်မြေလှုပ်ရှားမှုစီးကြောင်းက ပတ်ဝန်းကျင်ရှိ အရာအားလုံးကို ဝါးမျိုလိုဟန် ပေါ်ပေါက်နေခဲ့ပြီး ပတ်ဝန်းကျင်ရှိ ပစ္စည်းအားလုံးကို အဆုံးမရှိသော အမှောင်ထုဆီသို့ စုပ်ယူနေခဲ့၏။

ပြိုင်ဘက်ကင်း ဆေးနတ်ဘုရား (ယီယွမ်) Part 4 ,( Ch - 657 - 1094)(ခွင့်ပြုချက်ရပြီး)Where stories live. Discover now