Ch 736

107 9 0
                                    

ပြိုင်ဘက်ကင်းဆေးနတ်ဘုရား

ဘာသာပြန်သူ-ဖြိုးသူဝင်း

Book(55)

Chapter-14

(အကျိုးအမြတ်များ)

ယီယွမ်က ထိုကိစ္စကို စဥ်းစား၍ ပြောဆိုလိုက်သည်။ "ဒီလိုလုပ်မယ်လေ… တကယ်လို့ ငါ့ဆေးလုံးတွေက စျေးကွက်ကို မသိမ်းပိုက်နိုင်ဘူးဆိုရင် သင်းရနံ့ဆေးစံအိမ်ကို မင်းတို့ဆီပေးမယ်… ငါကအကျိုးအမြတ်ရဲ့ ၁၀ ရာခိုင်နှုန်းကိုပဲ ယူမယ်… တကယ်လို့သာ ငါ့ဆေးလုံးတွေက စျေးကွက်ကို သိမ်းပိုက်နိူင်မယ်ဆိုရင် မင်းတို့က ဆေးပင်တွေကို တာဝန်ယူရမယ်… ငါတို့က ဆေးဖော်စပ်ပေးဖို့ပဲ တာဝန်ယူမယ်… ရလာတဲ့အကျိုးအမြတ် ၇၀ ရာခိုင်နှုန်းကို ငါတို့ယူမယ်… ကျန်တဲ့ ၃၀ ရာခိုင်နှုန်းကို မင်းတို့ယူရမယ်….."

ထိုစကားကိုကြားသော် ချမ်းအာ၏ဦးနှောက်က အလွန်မြန်ဆန်စွာ စဥ်းစား၍ ချက်ချင်းအဖြေပေးခဲ့၏။ "ကောင်းပြီလေ… ဆေးလုံးတွေကို ထုတ်လိုက်တော့… နင့်ရဲ့ ပုံမှန်တွေ့နေကျ ဆေးလုံးအမျိုးအစားတွေက စျေးကွက်ကို ဘယ်လိုကိုင်လှုပ်မလဲဆိုတာ ငါသိချင်မိတယ်….."

ယီယွမ်က ပြုံးလိုက်ပြီး ဆေးလုံးများကို နောက်ထပ်တစ်ကြိမ် ထပ်မံထုတ်ပေးလိုက်သည်။

ချမ်းအာက ထိုဆေးလုံးများကို ယူ၍ သူမ၏ပါးစပ်ထဲသို့ ထည့်လိုက်တော့မည့်အချိန်၌ အဖိုးကြီးက သူမကို တားဆီးခဲ့ပေ၏။

"ချမ်းအာမိန်းကလေး… ကျုပ်စမ်းသပ်ကြည့်တာ ပိုကောင်းပါလိမ့်မယ်….."

ချမ်းအာက အဖိုးကြီး၏လက်ကို ဘေးဖယ်ပြီး ဒေါသထွက်စွာဖြင့် ပြောဆိုခဲ့သည်။ "အဆင်ပြေပါတယ်… သူက ကျွန်မကို အဆိပ်ခတ်ရဲမယ်လို့ ကျွန်မမယုံဘူး….."

ထိုသို့ပြောရင်း ချမ်းအာက အဆင့်(5) စွမ်းအင်ပြန်လည်ပြည့်ဖြိုးဆေးလုံးကို သူမ၏ပါးစပ်ထဲသို့ ပစ်ထည့်လိုက်ပြီး အစွမ်းကုန်သုံး၍ ဆေးစွမ်းအင်များကို စုပ်ယူနေခဲ့၏။

ယီယွမ်က စကားပြောခြင်းမပြုခဲ့ပေ။ သူက ချမ်းအာ၏ တုံ့ပြန်မှုကို တိတ်တဆိတ်ပင်
စောင့်ဆိုင်းနေခဲ့ပေသည်။

ပြိုင်ဘက်ကင်း ဆေးနတ်ဘုရား (ယီယွမ်) Part 4 ,( Ch - 657 - 1094)(ခွင့်ပြုချက်ရပြီး)Where stories live. Discover now