Ch 957 - 959

112 15 0
                                    

ပြိုင်ဘက်ကင်းဆေးနတ်ဘုရား

ဘာသာပြန်သူ-ဖြိုးသူဝင်း

Book(71)

Chapter-4

(နဂါးတစ်ပိုင်းခန္ဓာကိုယ် ထွက်ပေါ်လာခြင်း)

"ယီယွမ်ရောက်လာပြီဆိုမှတော့ စတင်လိုက်ကြတော့….." ယွဲ့ကျန့်ချိုးက အေးအေးဆေးဆေးပင် ပြောဆိုလိုက်သည်။

ဝုန်းးး…..

တစ်ချိန်တည်းတွင် ပြင်းထန်သော ထိတွေ့သံတစ်ခု ထွက်ပေါ်လာခဲ့၏။

ယီယွမ်က လင်းချောင်ကို  မိုးကြိုးပစ်ချလိုက်သော အရှိန်အဟုန်ဖြင့်  တိုက်ခိုက်လိုက်ခြင်းဖြစ်သည်။

ဤလက်သီးချက်က မဟာဝင်္ကပါကို တုန်ခါသွားစေသည်အထိ ပြင်းထန်နေခဲ့၏။

လင်းချောင်က ခြေလှမ်းတစ်ရာခန့် နောက်ဆုတ်သွားခဲ့ရပြီးမှ သူ၏ခန္ဓာကိုယ်ကို တည်ငြိမ်အောင် ထိန်းချုပ်သွားနိုင်ခဲ့သည်။ ယီယွမ်၏ လက်သီးချက်ကြောင့် သူ၏ သဘာဝစွမ်းအင်ပင်လယ်က လှုပ်ခါသွားခဲ့ပြီး ခန္ဓာကိုယ်အတွင်းရှိ သဘာဝစွမ်းအင်များက ကပြောင်းကပြန် ဖြစ်သွားခဲ့ပေ၏။

စင်မြင့်အောက်တွင်ရှိသော လူအားလုံးက ယီယွမ်၏ လက်သီးချက်ကြောင့် တိတ်ဆိတ်သွားခဲ့ကြသည်။

လင်းချောင်က ကျိုးယန်၏ ကျယ်ပြန့်သောနေမင်း မီးတောက်နှလုံးသားသူငယ်အိမ်ကို လက်သီးတစ်ချက်တည်းဖြင့် တန်ပြန်တိုက်ခိုက်ပြီး စင်မြင့်ပေါ်မှ လွင့်စင်သွားစေခဲ့သည်ကို သူတို့အားလုံး မြင်တွေ့ခဲ့ရပြီးဖြစ်၏။

သို့သော် လက်ရှိအချိန်တွင် ယီယွမ်က နေရာမှာတင် ရပ်နေနိုင်ခဲ့ပြီး လင်းချောင်ကမူ နောက်သို့ ခြေလှမ်းတစ်ရာခန့် ဆုတ်ခွာသွားခဲ့ရသည်။

နှိုင်းယှဥ်ကြည့်လိုက်ရင် ယီယွမ်က သန်မာလွန်းနေတာ မဟုတ်ဘူးလား…..

ယီယွမ်က အဆင့်(1) ပြောင်းလဲတိုးတက်မှုကင်းမဲ့ခြင်းနယ်ပယ် သိုင်းပညာရှင်တစ်ယောက် ဖြစ်ကြောင်းကို  မြင်လိုက်ရသည့်အတွက် လူအများက အထင်ကြီးခြင်း မရှိခဲ့ကြပေ။

လင်းချောင်က အဆင့်(9) ပြောင်းလဲတိုးတက်မှုကင်းမဲ့ခြင်းနယ်ပယ်သို့ ရောက်ရှိနေပြီဖြစ်ပြီး တာအိုသိမ်မွေ့နက်နဲခြင်းနယ်ပယ် သိုင်းပညာရှင်များနှင့် ယှဥ်နိုင်နေပြီဖြစ်၏။ သို့သော် ယီယွမ်က အဆင့်(1) ပြောင်းလဲတိုးတက်မှုကင်းမဲ့ခြင်းနယ်ပယ် သိုင်းပညာရှင်တစ်ယောက်သာ ဖြစ်နေပေသေးသည်။ မည်သို့ ယှဥ်ပြိုင်တိုက်ခိုက်နိုင်မည်နည်း။

ပြိုင်ဘက်ကင်း ဆေးနတ်ဘုရား (ယီယွမ်) Part 4 ,( Ch - 657 - 1094)(ခွင့်ပြုချက်ရပြီး)Where stories live. Discover now