Ch 1008 - 1010

98 12 0
                                    

ပြိုင်ဘက်ကင်းဆေးနတ်ဘုရား

ဘာသာပြန်သူ-ဖြိုးသူဝင်း

Book  74

Chapter-10

(ကလေးတစ်ယောက်ရဲ့  သန့်စင်သောနှလုံးသား)

"ဘယ်လိုဟာသမျိုးလဲ… နှလုံးသားစစ်ဆေးခြင်း တောအုပ်ထဲကို အကြီးအကဲတွေ ဝင်ရောက်သွားရင်တောင် ဒီလောက်အထိမြန်မြန်ကြီး ထွက်လာနိုင်မှာ မဟုတ်ဘူး… အလင်းဖြူက ချက်ချင်းပဲ ထွက်လာနိုင်ခဲ့တာလား….."

"အထဲမှာရှိတဲ့  ပုံရိပ်ယောင်အစီအရင်က ပြဿနာအချို့ ရှိနေတာများလား… နှလုံးသားစစ်ဆေးခြင်း တောအုပ်က အဆင့်(9) အဆင့်မြင့် ဝင်္ကပါအစီအရင်တစ်ခုလေ… တကယ်လို့ လူငယ်မျိုးဆက်တွေ ဝင်ရောက်သွားမယ်ဆိုရင် အမြန်ဆုံးအနေနဲ့ နေ့ဝက်လောက် အချိန်ယူပြီးမှ သူတို့က အပြင်ထွက်လာနိုင်မှာလေ….."

"မဖြစ်နိုင်ဘူး… တကယ်လို့ ဝင်္ကပါအစီအရင်က တစ်ခုခုချို့ယွင်းနေတယ်ဆိုရင် ဘာလို့ ရုန်နင်နဲ့ဝူမိုက အပြင်ထွက်မလာသေးတာလဲ….."

"ယီယွမ်လို့ခေါ်တဲ့ကောင်လေးက တော်တော်ထူးဆန်းနေတယ်… အခု အလင်းဖြူကလည်း ဘာလို့ထူးဆန်းလာတာလဲ….."

အလင်းဖြူက နှလုံးသားစစ်ဆေးခြင်း တောအုပ်အတွင်းမှ တိုက်ရိုက်ပင်   လမ်းလျှောက်ထွက်လာခြင်းက ကျားဖြူကလန်၏ အဖွဲ့သားများကို အကြီးအကျယ် ပွက်လောရိုက်သွားစေခဲ့သည်။

နှလုံးသားစစ်ဆေးခြင်း တောအုပ်မှ တိုက်ရိုက်ပင် လမ်းလျှောက်ထွက်လာသော အဖြစ်အပျက်မျိုးကို ယခင်က တစ်ကြိမ်တစ်ခါမှ မတွေ့ကြုံဖူးခဲ့ပေ။

ယီယွမ်ကဲ့သို့ နှလုံးသားအဆင့်တွင်  ကောင်းကင်နှင့်လူသား ပေါင်းစည်းမှုအဆင့်ကို ရောက်ရှိနေသည့် ကြောက်စရာကောင်းသောလူမျိုး မဟုတ်ခဲ့လျှင် ဒီဗိုင်းဘုရင်အဆင့် အကြီးအကဲများကိုယ်တိုင်ပင် အချိန်အနည်းငယ်ကြာ ပိတ်မိနေခဲ့မည်ဖြစ်၏။

လူငယ်မျိုးဆက်ဆိုလျှင်မူ ပြောနေစရာပင် မလိုအပ်တော့ပေ။

"အကြီးအကဲချုပ်… ဒီကိစ္စက သေချာပေါက်ထူးဆန်းပါတယ်… အလင်းဖြူက လှည့်စားနေတာပါ… အဲဒီလိုမဟုတ်ဘူးဆိုရင် နှလုံးသားစစ်ဆေးခြင်း တောအုပ်ကနေ တိုက်ရိုက်ပြန်ထွက်လာဖို့ဆိုတာ ဘယ်လိုလုပ်ပြီး ဖြစ်နိုင်မှာလဲ….." ရုန်ယင်က လေးလေးနက်နက်ပင် ပြောဆိုလိုက်သည်။

ပြိုင်ဘက်ကင်း ဆေးနတ်ဘုရား (ယီယွမ်) Part 4 ,( Ch - 657 - 1094)(ခွင့်ပြုချက်ရပြီး)Όπου ζουν οι ιστορίες. Ανακάλυψε τώρα