Ch 1017 - 1019

108 10 0
                                    

ပြိုင်ဘက်ကင်းဆေးနတ်ဘုရား

ဘာသာပြန်သူ-ဖြိုးသူဝင်း

Book. 75

Chapter-4

(အစွန်းရှစ်ခုဓားနယ်မြေ)

နတ်ဘုရားစိတ်ဝိညာဥ် တိုက်ခိုက်မှုတစ်ခုနှင့် အလွန့်အလွန် အစွမ်းထက်သော သိုင်းပညာရပ်တစ်ခု…..

ယခုအကြိမ်က ယီယွမ်နှင့်ရုန်ရှောင်းတို့ ပထမဆုံးအကြိမ် ပူးပေါင်းတိုက်ခိုက်ခြင်း ဖြစ်သော်လည်း တစ်ယောက်နှင့်တစ်ယောက် ချိတ်ဆက်တိုက်ခိုက်မှုက အောင်မြင်သွားခဲ့သည်။ သူတို့နှစ်ယောက်၏ ချိန်သားကိုက် တိုက်ခိုက်မှုက ပြီးပြည့်စုံနေခဲ့သည်။

နှစ်ယောက်စလုံးက ပြိုင်ဖက်ကင်းသော ထူးချွန်သူများဖြစ်ကြသည်။ အချိန်ကိုက် လှုပ်ရှားမှုတွင် သူတို့၏ လုပ်ဆောင်မှုက အလွန်ထိရောက်နေခဲ့သည်။

ထိုအဖြူဖျော့ဖျော့မီးတောက် အတွင်း၌ စွမ်းအင်အတက်အကျ အနည်းငယ်မျှပင် မရှိခဲ့ပေ။

ကောင်းကင်တွင် ကြောက်စရာကောင်းသော နတ်ဘုရားစိတ်ဝိညာဥ် စွမ်းအင်အတက်အကျများ ထွက်ပေါ်နေခဲ့သည်။ အဖြူဖျော့ဖျော့ မီးတောက်၏ အပူချိန်က အထွတ်အမြတ်နယ်မြေကို မီးလောင်နေသလို ပူပြင်းနေစေခဲ့သည်။

"အခုအခြေအနေကို အခွင့်ကောင်းယူပြီးတော့ ကျားဖြူဝိညာဥ်ကို ကယ်ဆယ်ကြ….." ရုန်ရှောင်းက အော်ဟစ်လိုက်သည်။

ကျားဖြူဝိညာဥ်က လက်မလျှော့လိုဟန်ဖြင့် အတင်းရုန်းကန်နေခဲ့သည်။ သို့သော် ကျားဖြူဝိညာဥ်နှင့် ကောင်းကင်ဘုံချုပ်နှောင်ခြင်း ဝိညာဥ်ပိတ်လှောင်ပုလင်းကြား အကွာအဝေးက တဖြည်းဖြည်းနှင့် ပိုမိုနီးကပ်လာခဲ့သည်။

"ဒီလိုတိုက်ခိုက်မှုမျိုးက သူ့ကို မထိခိုက်စေနိုင်ဘူး….." ရုန်ရှောင်းက စိတ်သက်သာရာရဟန်ဖြင့် သက်ပြင်းချလိုက်ချိန်တွင် ယီယွမ်က ရုတ်တရက် ပြောဆိုလိုက်သည်။

ရုန်ရှောင်း၏ မျက်နှာအမူအရာက ပြောင်းလဲသွားခဲ့သည်။ ထိုအဖြူဖျော့ဖျော့မီးတောက်က ရုတ်တရက် ပေါက်ကွဲသွားခဲ့ပြီး မရေမတွက်နိုင်သော မီးပွားများအဖြစ် လွင့်စင်ပျံ့နှံ့သွားခဲ့သည်။

ပြိုင်ဘက်ကင်း ဆေးနတ်ဘုရား (ယီယွမ်) Part 4 ,( Ch - 657 - 1094)(ခွင့်ပြုချက်ရပြီး)حيث تعيش القصص. اكتشف الآن