Ch 729

114 12 0
                                    

ပြိုင်ဘက်ကင်းဆေးနတ်ဘုရား

ဘာသာပြန်သူ-ဖြိုးသူဝင်း

Book(55)

Chapter-7

(နားတစ်ဖက်)

ကူဟုန်က ယီယွမ်၏စံအိမ်ထဲသို့ စိတ်လှုပ်ရှားစွာဖြင့် ဝင်ရောက်လာခဲ့သည်။

ရိုးရိုးသားသားပြောရမည်ဆိုလျှင် သူ၏စိတ်ထဲ၌ ယွီမင်နှင့်ရင်ဆိုင်ရမည့်အတွက် ယုံကြည်မှုအပြည့်ရှိပေ၏။ သို့သော် ယီယွမ်နှင့်ရင်ဆိုင်ရာတွင် သူက ယုံကြည်ချက်လုံးဝမရှိပေ။

ထိုနေ့က အချိန်တိုလေးသာ တွေ့ခဲ့ရသည့်တိုင် ယီယွမ်အပေါ် ကူဟုန်၏ အထင်ကြီးမှုက အလွန်ကြီးမားလှသည်။

အဘယ်ကြောင့်ဆိုသော် ယီယွမ်က ယွီမင်ကို ပြန်လည်လက်စားချေခွင့်ပေးမည်ဟု ပြောခဲ့ပြီး ယနေ့ အမှန်တကယ် ထိုသို့ပြုလုပ်ပေးခဲ့၍ပင် ဖြစ်၏။

ထိုအချိန်၌ ယီယွမ်က အရှက်ပြေ ပြောဆိုခဲ့သည်ဟူ၍သာ သူက ထင်ထားခဲ့သည်။ သို့သော် ယခုအချိန်တွင် ယီယွမ်က ထိုသို့သော အစွမ်းရှိသည့်အပြင် သူ့ကိုယ်သူ ယုံကြည်မှုရှိသည်ကိုပါ ကူဟုန်က နားလည်သွားခဲ့ပြီဖြစ်၏။

ထိုနေ့တွင် ယီယွမ်က သူနှင့်အငြင်းပွားခြင်း မရှိခဲ့ခြင်းမှာ ကူဟုန်က အငြင်းပွားရန်ပင် အဆင့်မမီသောကြောင့် ဖြစ်ပေသည်။

အငြင်းပွားခြင်းထက် ယီယွမ်က အပြုအမူဖြင့် အရှက်ခွဲ သက်သေပြသွားခဲ့၏။

အဓိကခန်းမထဲတွင် ယီယွမ်က အမြင့်ဆုံးနေရာ၌ ထိုင်နေခဲ့ပြီး ကျွင်းထျန်းယုနှင့် လျှိုယွီရူတို့က ဘေးတွင်ထိုင်နေခဲ့ကြသည်။

သူက ထိုအကြောင်းကို ကြိုတင်ကြားသိပြီး ဖြစ်သည့်တိုင် ကူဟုန်က စိတ်ထဲ၌ မယုံကြည်နိုင်စွာဖြင့် ထိတ်လန့်တုန်လှုပ်နေခဲ့၏။

ယီယွမ်က တက်ရောက်လာပြီးနောက် ရက်အနည်းငယ်အတွင်းမှာပင် နာမည်ကြားရုံဖြင့် လူအများက ထိတ်လန့်ကြောက်ရွံ့သော ကျွင်းထျန်းယုနှင့် တူညီသောအဆင့်တွင် ရပ်နေခဲ့ပြီဖြစ်သည်။

"နိမ့်ကျတဲ့ကူဟုန်က အရှင်​ကျွင်းနဲ့ ဆရာယီကို ဂါရဝပြုပါတယ်….." ကျွင်းထျန်းယု၏ရှေ့တွင် ကူဟုန်က သူ၏မောက်မာဝံ့ကြွားမှုကို အဆုံးစွန်အထိ နှိမ့်ချခဲ့ရ၏။

ပြိုင်ဘက်ကင်း ဆေးနတ်ဘုရား (ယီယွမ်) Part 4 ,( Ch - 657 - 1094)(ခွင့်ပြုချက်ရပြီး)Where stories live. Discover now