Ch 1092 - 1094

276 14 1
                                    

ပြိုင်ဘက်ကင်းဆေးနတ်ဘုရား

ဘာသာပြန်သူ-ဖြိုးသူဝင်း

Book 80

Chapter-4

(ကလေးကစားကွက်)

ယီယွမ်က အသာအယာ ခုန်လွှားလိုက်ပြီး ရွှေတိမ်တိုက် ကောင်းကင်လှေကားပေါ်သို့ တက်ရောက်သွားခဲ့သည်။

ဤမြင်ကွင်းကိုမြင်သော် ဟို့ယွီ၏ မျက်နှာအမူအရာ၌ အထင်သေးသော အရိပ်အယောင်တစ်ခု ပေါ်လာခဲ့၏။

တိမ်တိုက်ကောင်းကင်လှေကားက နတ်ဘုရားအဆင့် မဟာဝင်္ကပါ၏ ဆင့်ပွားအရာတစ်ခုဖြစ်ပြီး အလွန့်အလွန် နက်နဲသော ဥပဒေသစွမ်းအားများ ပါဝင်နေခဲ့သည်။ အကယ်၍ တစ်စုံတစ်ယောက်၏ ကျင့်ကြံခြင်းအဆင့်က လုံလောက်မှုမရှိလျှင် ထိုကောင်းကင်လှေကားများအပေါ်၌ တည်ငြိမ်စွာ ရပ်နိုင်မည်မဟုတ်ပေ။

ယီယွမ်၏ ကျင့်ကြံခြင်းအဆင့်က ရွှေတိမ်တိုက် ကောင်းကင်လှေကားအပေါ်၌ ရပ်နိုင်ရန် အဆင့်မမီပေ။

ကျင့်ကြံခြင်းအဆင့် မကိုက်ညီသည့်အတွက် မဟာဝင်္ကပါက ယီယွမ်ကို ချက်ချင်းကန်ထုတ်မည်ဖြစ်ပြီး ဥပဒေသစွမ်းအားများကြောင့် ဒဏ်ရာရရှိသွားနိုင်ပေသည်။

ဟို့ယွီ၏ ဤလုပ်ဆောင်မှုက ယီယွမ်ကို အရူးလုပ်ရန်ပင် ဖြစ်သည်။ အကယ်၍ သူကသာ ယီယွမ်ကို အကြီးအကျယ် သိက္ခာကျစေခဲ့မည်ဆိုလျှင် ထိုအရာက အကောင်းဆုံးရလဒ်ပင် ဖြစ်၏။

မှန်ပေသည်။ ယီယွမ်က ရွှေတိမ်တိုက် ကောင်းကင်လှေကားပေါ်သို့ တက်ရောက်ချိန်တွင် ရွှေတိမ်တိုက် ကောင်းကင်လှေကားက အလင်းတန်းတစ်ခု ထွက်ပေါ်လာခဲ့ပြီး ယီယွမ်ကို ကန်ထုတ်ရန် ပြင်ဆင်လာခဲ့သည်။

ယီယွမ်၏ ခြေထောက်အောက်၌ ဆက်တိုက်တုန်ခါနေခဲ့ပြီး သူ၏ခန္ဓာကိုယ်က စတင်ယိမ်းယိုင်လာခဲ့ကာ အချိန်မရွေး ပြုတ်ကျသွားမည့်ဟန် ပေါ်လာခဲ့၏။

"ဟားဟားဟား… ဒါက ငါတို့ရဲ့ အရှင်ချင်ယန်ကျိပေါ့… ခင်ဗျားက နတ်ဘုရားနယ်မြေရဲ့ အဓိက ပုဂ္ဂိုလ်ကြီး တစ်ယောက်လေ… ရွှေတိမ်တိုက် ကောင်းကင်လှေကားအပေါ်မှာ ရပ်နိုင်စွမ်းတောင် မရှိဘူးလား….." ဟို့ယွီက ကျယ်လောင်စွာရယ်မော၍ ပြောဆိုလိုက်၏။

You've reached the end of published parts.

⏰ Last updated: Mar 20, 2023 ⏰

Add this story to your Library to get notified about new parts!

ပြိုင်ဘက်ကင်း ဆေးနတ်ဘုရား (ယီယွမ်) Part 4 ,( Ch - 657 - 1094)(ခွင့်ပြုချက်ရပြီး)Where stories live. Discover now