692

110 14 0
                                    

ပြိုင်ဘက်ကင်းဆေးနတ်ဘုရား

ဘာသာပြန်သူ-ဖြိုးသူဝင်း

Book(52)

Chapter-12

(ကြီးမားသောရန်သူအင်အားကြီးက
နီးကပ်လာခြင်း)

"အရှင်... အရှင်... တကယ်ပြောနေတာလား....." ချူးရှစ်က ယီယွမ်၏စကားကိုကြားသော် ချက်ချင်းပင် စိတ်လှုပ်ရှားသွားခဲ့သည်။

တစ်ချိန်လုံး တိတ်ဆိတ်နေခဲ့သော ချမ်စစ်ကလည်း ဤအချိန်၌ ဘေးမှနေ၍ စိတ်လှုပ်ရှားနေခဲ့၏။

အတိတ်တွင် ယီယွမ်ဖော်စပ်ခဲ့သော ဆေးလုံးများ၏အစွမ်းကို သူတို့၏မျက်စိများဖြင့် မျက်မြင်ကိုယ်တွေ့ တွေ့ခဲ့ရသည်။ သူတို့က ချက်ချင်းပင် အကျိုးကျေးဇူးများ ခံစားခဲ့ရပေ၏။

ထိုအချိန်က သူတို့အတွက် ဆေးလုံးများ ဖော်စပ်နိုင်ခြင်းမရှိသေးကြောင်း ယီယွမ်က ပြောဆိုခဲ့သည်။ သို့သော် ယခု ယီယွမ်က ဤဆေးလုံးများကို ဖော်စပ်နိုင်ခဲ့ပြီဖြစ်၏။

ယီယွမ်က မပြုံးတုံ့တုံ့ ပြုံးတုံ့တုံ့ဖြင့် ပြောဆိုလိုက်သည်။ "ငါက မင်းတို့ကို ဘယ်တုန်းက ဟာသလုပ်ဖူးလို့လဲ....."

ယီယွမ်၏အပြုံးကိုမြင်သော် ထိုသုံးယောက်က စိတ်လှုပ်ရှားတုန်ယင်သွားခဲ့၏။

ယီယွမ်က သူတို့ကို အဇူရာအသွားသုံးခုဝင်္ကပါအတွင်း၌ လေ့ကျင့်ပေးခဲ့သောအချိန်က မြင်ကွင်းကို အလိုအလျောက် သတိရလိုက်မိသည်။

မူလက တစ်ခါသုံး ရိုးရှင်းသော လေ့ကျင့်ခန်းဟူ၍ သူတို့က ထင်မြင်ခဲ့ကြပြီး ဤလေ့ကျင့်ခန်းက သူတို့၏ အသက်များကို ကယ်တင်သွားနိုင်မည်ဟူ၍ မျှော်လင့်မထားခဲ့ကြပေ။

သူတို့သုံးယောက်က ဦးညွှတ်အရိုအသေပေးခဲ့ကြပြီး ကျေးဇူးတင်စွာပြောဆိုခဲ့၏။ "ကျေးဇူးအများကြီးတင်ပါတယ် အရှင်... ယီမိသားစုစစ်တပ်က အရှင့်နောက်ကို သေတဲ့အထိ လိုက်ပါပါ့မယ်....."

ယီယွမ်က ခေါင်းညိတ်၍ ထိုအရာကို တည်ငြိမ်စွာ လက်ခံလိုက်သည်။

ယီမိသားစု၏ ရောက်ရှိလာမှုကြောင့် ယီယွမ်က အလွန်အမင်း စိတ်သက်သာရာ ရသွားခဲ့၏။

ပြိုင်ဘက်ကင်း ဆေးနတ်ဘုရား (ယီယွမ်) Part 4 ,( Ch - 657 - 1094)(ခွင့်ပြုချက်ရပြီး)Where stories live. Discover now