Ch 727

106 11 0
                                    

ပြိုင်ဘက်ကင်းဆေးနတ်ဘုရား

ဘာသာပြန်သူ-ဖြိုးသူဝင်း
Book(55)

Chapter-5

(သိက္ခာပြန်ဆယ်ခြင်း)

"အိုး… ကူဟုန်… လတ်တလောမှာ  အလွန့်အလွန် အစွမ်းထက်တဲ့ မှော်ဆေးပညာရှင်တစ်ယောက်က မြို့ထဲမှာ ပေါ်ထွက်လာတယ်လို့ ငါကြားထားတယ်….ဘယ်သူမှမကုသနိုင်တဲ့ ဝေဒနာတွေကို ကုသပေးနိုင်ခဲ့တယ်တဲ့… အဲ့သတင်းက မှန်လားမှားလား….." ကူမိသားစု၏ မိသားစုခေါင်းဆောင် ကူချန်စွန်းက ပြောဆိုလိုက်သည်။

ယီယွမ်တက်ရောက်လာသည့်အချိန်က ငါးရက်တာကြာမြင့်သွားခဲ့ပြီဖြစ်၏။ ဤငါးရက်အတွင်း ယီယွမ်က သူယူဆောင်ထားခဲ့သော တာဝန်အားလုံးကို တစ်ခုမှ ကျရှုံးခြင်းမရှိဘဲ အောင်မြင်သွားခဲ့ပေသည်။

ဤတာဝန်အားလုံးက မြို့ထဲတွင် ခက်ခဲမှုနှင့် ထူးဆန်းမှုကြောင့် အောင်မြင်ရန်မဖြစ်နိုင်သော တာဝန်များအဖြစ် နာမည်ကြီးလှပေ၏။

ရုတ်တရက် ထွက်ပေါ်လာခဲ့သည့် ယီယွမ်ဟုခေါ်သော မှော်ဆေးပညာရှင်က ထိုတာဝန်များကို တစ်ခုပြီးတစ်ခု အောင်မြင်အောင် ဖြေရှင်းခဲ့သည်။ ထိုအရာကြောင့် ရှေးဟောင်းကြွယ်ဝခြင်းမြို့၌ မည်မျှအထိ ပွက်လောရိုက်သွားမည်ကို ခန့်မှန်းနိုင်ပေ၏။ 

ယနေ့ ကူချန်စွန်းကလည်း ဤသတင်းကို ကြားလိုက်ရ၍ အခြေအနေကို မေးမြန်းရန်အတွက် မန်နေဂျာကူကို ချက်ချင်းဆင့်ခေါ်လိုက်သည်။

ကူဟုန်က ထိုမေးခွန်းကိုကြားလိုက်ချိန်တွင် စိတ်ထဲ၌ တုန်ယင်သွားခဲ့ပြီး တွေးလိုက်မိ၏။

ဒီလိုမျိုး အခြေအနေ ဖြစ်လာပြီလား…..

"အာ… ဒီ… ဒီလို ကိစ္စမျိုး ရှိနေတာလား… ဒီနိမ့်ကျတဲ့အစေခံက ဒီနှစ်ရက်အတွင်း အပြင်မထွက်ခဲ့လို့ မြို့ထဲမှာ ဒီလိုအဓိကဖြစ်ရပ်ကြီးတစ်ခု ဖြစ်လာတာကို မသိခဲ့ပါဘူး… ဒါပေမဲ့ အဲဒါတွေက ချဲ့ကားပြောဆိုတာတွေ ဖြစ်မယ်လို့ ကျွန်တော်ထင်ပါတယ်…. တစ်ယောက်ယောက်ကို ကုသပေးနိူင်တာက ဖြစ်နိုင်ပါတယ်… အများကြီးကို ကုသပေးနိူင်တာကတော့ နည်းနည်းလွန်ကဲသွားပါပြီ….. အဲဒီမှော်ဆေးပညာရှင်က လူတွေအာရုံစိုက်တာခံရဖို့ သူ့ကိုယ်သူ မြှောက်ပင့်ပြီး သတင်းလွှင့်နေတာလို့ ကျွန်တော်ထင်ပါတယ်….." ကူဟုန်က ပြောဆိုခဲ့သည်။

ပြိုင်ဘက်ကင်း ဆေးနတ်ဘုရား (ယီယွမ်) Part 4 ,( Ch - 657 - 1094)(ခွင့်ပြုချက်ရပြီး)Donde viven las historias. Descúbrelo ahora