Ch 703

105 12 0
                                    

ပြိုင်ဘက်ကင်းဆေးနတ်ဘုရား

ဘာသာပြန်သူ-ဖြိုးသူဝင်း

Book(53)

Chapter-9

(နတ်ဘုရားစိတ်ဝိညာဥ် ပုံစံဖွဲ့စည်းခြင်း)

ဝူဖန့်မြို့၏အပြင်ဘက် မိုင်တစ်ကောင်အကွာရှိ ကွင်းပြင်တစ်ခုတွင် သိုင်းပညာရှင် ဆယ်ယောက်ကျော်က တိုက်ပွဲအစီအရင်တစ်ခုအတွင်း၌ စောင့်ဆိုင်းနေခဲ့ကြသည်။

ချီဟိုင်၊ ချင်ဟုန်ထောင်၊ နင်ရီရှန်း အစရှိသည့် အဆုံးမဲ့ကမ္ဘာကြီး၏ ထိပ်ဆုံးအဆင့် ပုဂ္ဂိုလ်များက လက်ရှိအချိန်၌ လူငယ်လေးတစ်ယောက်ကို စောင့်ကြပ်ပေးနေခဲ့၏။

ယီယွမ်၏မျက်လုံးများက တင်းတင်းကျပ်ကျပ် မှိတ်နေခဲ့ပြီး သူ၏စိတ်ဝိညာဥ်ကို တည်ငြိမ်အောင်လုပ်သည့် နေရာ၌ အာရုံစိုက်ထားခဲ့ကာ အဆင့်တက်ရောက်ရန် ​နောက်ဆုံးပြင်ဆင်မှုကို ပြုလုပ်နေခဲ့သည်။

ယီယွမ်က တည်ငြိမ်သော အမူအရာတစ်ခုဖြင့် ရောက်ရှိလာတော့မည့် အဆင့်တက်ရောက်မှုအတွက် မိုးကောင်းကင်စစ်ဆေးခြင်းကို အလွန်တည်ငြိမ်စွာဖြင့် စောင့်ဆိုင်းနေခဲ့၏။ သို့ရာတွင် ချီဟိုင်နှင့် အခြားလူအားလုံးက စစ်ဆေးခြင်းကို သူတို့ကိုယ်တိုင် ဖြတ်ကျော်နေရသည်နှင့် တူနေခဲ့ပြီး လေးနက်သောမျက်နှာအမူအရာများ ရှိနေခဲ့ကြသည်။

ယခုအချိန်၌ စစ်ပွဲက အဆုံးမသတ်ရသေးပေ။ ယီယွမ်က အဆုံးမဲ့ကမ္ဘာကြီး၏ အကြီးမားဆုံး မျှော်လင့်ချက်ဖြစ်၏။ မတော်တဆ ဖြစ်သွား၍ လုံးဝမရပေ။

ဖျတ်…..

ရုတ်တရက်ပင် အပြာရောင်လျှပ်စီးတစ်ခု လင်းလက်သွားခဲ့သည်။ မူလတွင် မိုင်တစ်ထောင်အထိ တိမ်ကင်းစင်နေခဲ့သော ကောင်းကင်၌ အနက်ရောင်တိမ်တိုက်များ စတင်စုဝေးလာခဲ့ကြ၏။

ဤအခြေအနေကိုမြင်သော် ချီဟိုင်နှင့် ကျန်လူများ၏ မျက်နှာအမူအရာများက ပြောင်းလဲသွားခဲ့သည်။

"ယီယွမ်က ဒီဗိုင်းဖြတ်ကျော်ခြင်းနယ်ပယ် တက်ရောက်ရုံပဲလေ… ဘာလို့ ဒီလိုမျိုး ကြီးမားတဲ့အခြေအနေတစ်ခု ဖြစ်လာရတာလဲ….."

ပြိုင်ဘက်ကင်း ဆေးနတ်ဘုရား (ယီယွမ်) Part 4 ,( Ch - 657 - 1094)(ခွင့်ပြုချက်ရပြီး)Where stories live. Discover now