875 - 876

110 12 0
                                    

ပြိုင်ဘက်ကင်းဆေးနတ်ဘုရား

ဘာသာပြန်သူ-ဖြိုးသူဝင်း

Book ( 65 )

Chapter-11

(လင်အာ ပျောက်ဆုံးသွားခြင်း)

ပရမ်းပတာ မိစ္ဆာပင်လယ်တွင် မြို့ထဲ၌ ဖြစ်နေစေကာမူ စကားများ၍ တိုက်ခိုက်ကြသည့် အဖြစ်အပျက်များက ပုံမှန်မြင်တွေ့နေရသောကိစ္စများ ဖြစ်ကြပေသည်။

ခွက်ခွက်လန်အောင် ရှုံးနိမ့်ရခြင်းမဟုတ်လျှင် သို့မဟုတ် အစုလိုက်အပြုံလိုက် သတ်ဖြတ်ခြင်း မဟုတ်လျှင် မည်သူကမှ ဂရုမစိုက်ကြပေ။

ထို့ကြောင့် ခွန်အားနိမ့်ကျသောသူများက အမြီးကုပ်၍ နေထိုင်ရပေ၏။

ဤနေရာတွင် မည်သည့်စည်းမျဥ်းစည်းကမ်းမှ မရှိပေ။ ခွန်အားကသာ အရာရာကို ဆုံးဖြတ်ပေသည်။

အသက်ရှင်သန်ရန်အတွက် သိုင်းပညာရှင်များက အဖွဲ့များ၊ ဂိုဏ်းများ တည်ထောင်ဖွဲ့စည်းရ၏။ ဤနေရာတွင် တစ်ယောက်တည်း အသက်ရှင်နေထိုင်နိုင်ရန် အလွန်ခက်ခဲပေသည်။

တိမ်တိုက်ကုန်ဆုံးခြင်းမြို့က မြို့ငယ်လေးတစ်မြို့သာ ဖြစ်၏။ လူဦးရေက များပြားခြင်းမရှိပေ။

ဤနေရာက ယီယွမ်၏ ပန်းတိုင်ခရီးမဟုတ်ပေ။ သူ၏ အစစ်အမှန်ရည်ရွယ်ချက်က ပရမ်းပတာ မိစ္ဆာပင်လယ်၏ အလယ်ဗဟို သတ်ဖြတ်ခြင်းမြက်ခင်းပြင် ဖြစ်ပေသည်။

တိမ်တိုက်ကုန်ဆုံးခြင်းမြို့တွင် သတ်ဖြတ်ခြင်းမြက်ခင်းပြင်သို့ ဦးတည်သော တည်နေရာရွှေ့ပြောင်းခြင်း အစီအရင်တစ်ခု ရှိပေ၏။

တည်နေရာရွှေ့ပြောင်းခြင်း အစီအရင်အပြင် သတ်ဖြတ်ခြင်းမြက်ခင်းပြင်သို့ ဝင်ရောက်ရန် အခြားအရာတစ်ခု လိုအပ်ပေသေးသည်။ ဤအရာက ယီယွမ် ဤနေရာသို့ လာရောက်ရသည့် ရည်ရွယ်ချက်တစ်ခုလည်း ဖြစ်ပေ၏။

ယီယွမ်က ညမရောက်ခင် အိပ်ပျော်သွားခဲ့ပြီး သူပြန်နိုးလာချိန်တွင် တတိယမြောက်နေ့သို့ ရောက်သွားခဲ့ပြီဖြစ်သည်။

သူအပြင်ထွက်လာချိန်တွင် အခြေအနေက ထူးဆန်းနေသည်ကို ယီယွမ်က တွေ့လိုက်ရပေ၏။

ပြိုင်ဘက်ကင်း ဆေးနတ်ဘုရား (ယီယွမ်) Part 4 ,( Ch - 657 - 1094)(ခွင့်ပြုချက်ရပြီး)Where stories live. Discover now