Ch - 665

137 16 0
                                    

ပြိုင်ဘက်ကင်းဆေးနတ်ဘုရား

ဘာသာပြန်သူ-ဖြိုးသူဝင်း

Book(50)

Chapter-13

(နဂါးသခင်အစစ်နှင့်အတု)

"ဒါက… တောင်တစ်ထောင်မဟာငှက်ကလန်က နောက်ထပ်တစ်ကြိမ်ပြန်လာပြီး လက်စားချေနိုင်တယ် မဟုတ်ဘူးလား….." ရှောင်ကျန့်က စိတ်ထဲတွင် ခဲကြီးတစ်လုံးဆွဲထားသလို စိုးရိမ်စွာဖြင့် ပြောဆိုလိုက်သည်။

တောင်တစ်ထောင်မဟာငှက်ကလန်က မောက်မာဝံ့ကြွားမှုကြောင့် နာမည်ကျော်ကြားပေ၏။ ယနေ့ ဤနေရာတွင် ကြီးကြီးမားမား မျက်နှာပျက်ခဲ့ရာ ထိုအရာကို ဤအတိုင်းလွှတ်ထားပေးရန် မဖြစ်နိုင်ပေ။

သူတို့က လက်စားချေရန် ပြန်လာခဲ့မည်ဆိုလျှင် မီးအရင်းအမြစ် အစစ်အမှန်ငှက်ဝက်ဝံကလန်က ပထမဆုံး ပျက်စီးရပေလိမ့်မည်။

ဝက်ဝံကလန်၏ လက်ရှိခွန်အားဖြင့်ဆိုလျှင် သူတို့က ဖမ်းဟိုင်တစ်ယောက်တည်းကိုပင် မခုခံနိုင်ပေ။ သူတို့က ကလန်တစ်ခုလုံးကို ဖျက်ဆီးပစ်နိုင်သည်။

ယီယွမ်က ပြုံး၍ပြောလိုက်၏။ "စိုးရိမ်နေဖို့မလိုအပ်ပါဘူး… မဟာငှက်ကလန်က သခင်ငယ်ဖမ်းယွင်ရဲ့ အသက်ကို တကယ်ဂရုစိုက်တယ်ဆိုရင် သူတို့က အချိန်တိုအတွင်း ရောက်လာဦးမှာမဟုတ်ဘူး….."

ရှောင်ကျန့်က မျက်ခုံးပင့်၍ မေးမြန်းခဲ့သည်။ "ဒါက ဘာအဓိပ္ပာယ်လဲ... နဂါးသခင်….."

"သွေးကြောတွေက ကျုပ်ရဲ့ သဘာဝမီးလျှံကြောင့် လောင်ကျွမ်းခံထားရတာကို ကုသဖို့ဆိုတာ ဘာလို့အဲဒီလောက်လွယ်မှာလဲ...တကယ်လို့ မဟာငှက်ကလန်က မှော်ဆေးပညာလမ်းမှာ အစွမ်းတော်တော်ထက်တဲ့ သမားတော်ရှိမနေရင် သူတို့က အဆုံးသတ်မှာ ကျုပ်ဆီကိုလာပြီးတော့ တောင်းပန်ရလိမ့်မယ်….." ယီယွမ်က ယုံကြည်မှုရှိစွာဖြင့် ပြောဆိုလိုက်၏။

သွေးကြောများကို လောင်ကျွမ်းစေခြင်းကို အမျိုးအစားများစွာ ခွဲခြား၍ရပေသည်။ ယီယွမ်က စတင်၍ လှုပ်ရှားခဲ့သည်နှင့် သူက အလုပ်ကို ပေါ့ပေါ့တန်တန်သဘောထားပြီး အနာဂတ်တွင် သူ့အတွက် ဒုက္ခရောက်စေနိုင်သောအရာကို ချန်ထားရစ်ခဲ့မည်မဟုတ်ပေ။

ပြိုင်ဘက်ကင်း ဆေးနတ်ဘုရား (ယီယွမ်) Part 4 ,( Ch - 657 - 1094)(ခွင့်ပြုချက်ရပြီး)Where stories live. Discover now