Ch 720

106 10 0
                                    

ပြိုင်ဘက်ကင်းဆေးနတ်ဘုရား

ဘာသာပြန်သူ-ဖြိုးသူဝင်း

Book(54)

Chapter-12

(ယီယွမ်၏ အမှတ်များရယူမည့် အစီအစဥ်)

ကောင်းကင်၏အောက်တွင် စည်းမဥ်းများ အများအပြားမရှိပေ။

သိုင်းပညာရှင်လောကမှာ ရက်စက်မှုများ ပြည့်နှက်နေပေ၏။ ဤအချက်မှာ နတ်ဘုရားနယ်မြေတွင် လျော့ကျသွားခြင်းမရှိဘဲ ပို၍ပြင်းထန်လာခဲ့သည်။

အဆင့်နိမ့်နယ်မြေများမှ သိုင်းပညာရှင်များက မည်သည့်အင်အားစုနှင့်မှ သက်ဆိုင်မှုမရှိပေ။ ထို့ပြင် သူတို့၏ခွန်အားများက အားနည်းသည့်အနေအထားတွင် ရှိနေခဲ့၏။ သူတို့က အနိုင်ကျင့်ရန်လွယ်ကူသော ပစ်မှတ်များ ဖြစ်ကြပေသည်။

အဓိက အစစ်အမှန်ဇာတ်လမ်းများကို မသိကြသော တက်ရောက်လာသူများက နတ်ဘုရားနယ်မြေကို သိချင်စိတ်ပြည့်နေကြပြီး ဤနေရာက လှပသောကမ္ဘာတစ်ခုဖြစ်ကာ သိုင်းပညာရှင်တစ်ယောက်၏ နိဗ္ဗာန်ဘုံတစ်ခု ဖြစ်မည်ဟူ၍ ထင်နေခဲ့ကြ၏။

သို့သော် သူတို့က တက်ရောက်လာသည့် အချိန်မှသာ သူတို့၏အတွေးကဲ့သို့ မဟုတ်ကြောင်းကို နားလည်သွားခဲ့သည်။

နတ်ဘုရားနယ်မြေ၏ ဒေသခံသိုင်းပညာရှင်များပင် အဆင့်မြင့်သော သိုင်းပညာရှင်များ၏ အနိုင်ကျင့်ခြင်းကို ခံကြရပေ၏။

လမ်းစဥ်တစ်ခုကို ပိုင်ဆိုင်လိုလျှင် ထိုအရာက မည်သည့်အတွက် လွယ်ကူမည်နည်း။

သိုင်းပညာရှင်များက နတ်ဘုရားနယ်မြေတွင် အထွတ်အထိပ်အဆင့်ကို ကျင့်ကြံနိုင်ရန်အတွက် ပိုမိုခိုင်မာသော စိတ်ခွန်အားနှင့် ပိုမိုထူးချွန်သော အရည်အချင်းရှိနေရန် လိုအပ်နေခဲ့သည်။

ထိုသို့မဟုတ်လျှင် သူတို့က လူအများထဲသို့ ဝင်ရောက်ပျောက်ကွယ်သွားရပေမည်။

"ဒါက… မိုင်းတွင်းတွေမှာ သတ္ထုတူးဖော်တာအပြင် အကျိုးပြုအမှတ်တွေ ရနိုင်တဲ့ နည်းလမ်းမရှိတော့ဘူးလား….." ဟောင်ထောင်က မေးမြန်းလိုက်၏။

"ဟက်.. ရှိတယ်… တကယ်တော့ ရှိနေတာပေါ့… ဒါပေမဲ့ မင်းတို့မှာ အဲဒီလိုလုပ်နိုင်တဲ့ အစွမ်းမျိုးရှိနေတယ်လို့ ထင်လို့လား….." အရာရှိလူက အထင်သေးသော အမူအရာဖြင့် ပြောဆိုခဲ့သည်။

ပြိုင်ဘက်ကင်း ဆေးနတ်ဘုရား (ယီယွမ်) Part 4 ,( Ch - 657 - 1094)(ခွင့်ပြုချက်ရပြီး)Där berättelser lever. Upptäck nu